ဆိုမာလီယာတွင် ၀န်ကြီးချုပ်အသစ်ခန့်အပ်

ဆိုမာလီယာတွင် ၀န်ကြီးချုပ်အသစ်ခန့်အပ်

ဆိုမာလီယာနိုင်ငံ၏သမ္မတသစ်ဖြစ်သူ မိုဟာမက်အက်ဘ်ဒူလာဟီမိုဟာမက် သည် နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးကို ရေနံလုပ်ငန်းအကြီးအကဲဖြစ်သူနှင့်ထောက်ပံ့ကူညီရေးလုပ်သားဟောင်းဖြစ်သူ ဟက်ဆန်အလီခေရီအား ပေးအပ်ခဲ့သည်။

ဖာမန်ဂျိုဟုလည်းလူသိများသည့် သမ္မတမိုဟာမက်သည် အဆိုပါသတင်းကိုတွစ်တာမှတဆင့်ကြေညာခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရပြီးနောက်တွင် ဟတ်ဆန်အလီခေရီက သူသည် သမ္မတနှင့်အတူ မမောနိုင်မပန်းနိုင် အလုပ်အတူ လုပ်သွားမည်ဖြစ်ပြီး   ပြည်သူကို ကိုယ်စားပြုသော အစိုးရတစ်ရပ်ပေါ်ပေါက်အောင် ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုခဲ့သည်။

ပြီးခဲ့သောနှစ်များက ဆိုမာလီယာနိုင်ငံတွင် သမ္မတများနှင့်ဝန်ကြီးချုပ်များကြားတွင်တင်းမာမှုများရှိခဲ့ပြီး မကြာ ခဏဆိုသလို အစိုးရ၏စီးပွားရေးကိုအနှောင့်အယှက်ဖြစ်စေခဲ့ပြီး အာဖရိက ဦးချိုဒေသဖြစ်သည့် ဆိုမာလီယာ နိုင်ငံတွင်နိုင်ငံရေး တိုးတက်မှုလျော့ပါးစေခဲ့သည့်အတွက် သမ္မတနှင့်ဝန်ကြီးချုပ်ကြားက ဆက်ဆံရေးသည် သေရေးရှင်ရေးတမျှ အရေးပါလှသည်။

ဖာမန်ဂျိုကဲ့သို့ပင် ခေရီသည် နိုင်ငံရေးလောကထဲသို့ ယခုမှစတင်ဝင်ရောက်လာခဲ့သူဖြစ်ပြီး နော်ဝေနှင့်ဆိုမာလီ နှစ်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။

အသက်၄၉နှစ်အရွယ်ရှိ ခေရီသည် နော်ဝေဒုက္ခသည်ကောင်စီမှဒေသဆိုင်ရာဒါရိုက်တာနှင့် ဗြိတိန်ရေနံကုမ္ပဏီ Soma Oil and Gas တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly