လတ်တလော ဆိုက်ကိုဖောက်နေတာ ကျွန်တော့် အချစ်ရေး Lil'Z

23 February 2017
လတ်တလော ဆိုက်ကိုဖောက်နေတာ ကျွန်တော့် အချစ်ရေး Lil'Z

MJI အဖွဲနဲ့ ပရိသတ်တွေ လူသိများလာတဲ့သူ၊ ၂၀၁၅ ခုနှစ်မှာ အကယ်၍ တေးစီးရီးထွက်ရှိထားတဲ့သူ၊ သူကတော့ လူငယ်အဆိုတော် Lil'Z ပါ။ Underground ကနေ Mainstream ရောက်လာတဲ့အခါ သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေများဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် Lit'Z နဲ့ တွေ့ဆုံမေးမြန်းဖို့အတွက် အင်းယားကန်ဘောင်ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့ Yope မေးခွန်း ၅ ခုနဲ့အတူ Yope Red Chair ရှိနေပါတယ်။

မေး ။  မင်္ဂလာပါ Yope အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အစ်မတို့အစီအစဉ်ကနေ မေးခွန်း ၅ ခုမေးသွားမှာပေါ့နော် ။ အခုပထမဆုံးအနေနဲ့ နေဦးလင်းနဲ့ Lil'Z က နှစ်ယောက်ဖြစ်နေတာဆိုတော့ နေဦးလင်းရဲ့ ဘဝထဲက ဘယ်အရာကို Lil'Z က အားကျပြီးတော့ Lil'Z ရဲ့ ဘယ်အရာကိုရော နေဦးလင်းက မုန်းနေတာမျိုး ရှိလဲ။

ဖြေ။ နေဦးလင်းရဲ့ ပုံစံကို အားကျတာကတော့ နေဦးလင်း ဘဝမှာတော့ အားကျစရာ တစ်ခုမှ မရှိဘူး။  Lil'Z ဆိုတဲ့ ဘဝလေးမှာတော့ ပျော်စရာလေးတွေ ရှိတာပေါ့နော် ။ ဥပမာ ကိုယ့်ကို ပရိသတ်တွေ အားပေးတာတွေ နောက်တစ်ခုက ပရိသတ်တွေနဲ့ အဲဒီလိုသီချင်းဆိုတဲ့ အချိန်မှာ ကိုယ့်နာမည်ကို အောက်ကနေ၊ စင်အောက်ကနေ ခေါ်တာတွေ ။ အဲဒါတွေကတော့ နေဦးလင်းက Lil'Z ကို အားကျရတဲ့ဘဝပေါ့ ။ ဒါပေမယ့် Lit'Z ကနေပြီးတော့ နေလင်းဦးကို အားကျရတာတော့ မရှိပါဘူး ။ Lil'Z က နေဦးလင်းရဲ့ ခံစားချက်မှန်သမျှကို ထုတ်ဖော်ပြောပြဖို့အတွက် တစ်စိတ်တစ်ပိုင်း အသုံးချတယ်ပေါ့နော်။

မေး။ မိသားစုအားပေးမှုကို မရဘဲနဲ့ ဒီဂီတအလုပ်ကို လုပ်နေတယ်ဆိုတော့ လူငယ်တွေအနေနဲ့ပေါ့နော် ကိုယ်ယုံကြည်ရာတစ်ခုကို လုပ်ဖို့အတွက် မိဘတွေနဲ့ အတိုက်အခံလုပ်သင့်တယ်လို့ ထင်မိလား။

ဖြေ။  မိဘတွေနဲ့ ၊ မိဘတွေနဲ့တောင် မဟုတ်ဘူး။ အတိုက်အခံကတော့ မိဘတွေနဲ့တင် မဟုတ်ဘူး ။ အဲဒီလို လုပ်ရတာတွေကတော့ အများကြီးပေါ့နော်။ လူတွေနဲ့ အတိုက်အခံအများကြီး လုပ်တာတွေလည်း ရှိတယ်ပေါ့နော်။ ကိုယ်ယုံကြည်တစ်ခုကို အဲဒီလိုလုပ်မယ်ဆိုရင်တော့ ဘယ်အရာမှ အဲဒီလို ကိုယ် ယုံကြည်တဲ့အရာကိုပဲ အလေးထားပြီးတော့  ကျန်တဲ့ဟာတွေကို နည်းနည်းဂရုမစိုက်ဖို့တော့ နည်းနည်းလေးတော့ လိုအပ်မယ်လို့ ထင်တယ်ပေါ့နော်။

မေး။ Lil'Z အခု လက်ရှိ လတ်တလော ဆိုက်ကိုဖောက်နေတဲ့အရာက ဘာများဖြစ်မလဲ။

ဖြေ။ ကျွန်တော် ဆိုက်ကို ဖောက်နေတာလား ကျွန်တော် ဆိုက်ကိုဖောက်နေတာကတော့ စော်ကိစ္စပေါ့နော်။ စော်ကလည်း ကျွန်တော့်ကို ဆိုက်ကိုဖောက် ၊ကျွန်တော်ကလည်း စော်ကို ဆိုက်ကိုဖောက် ။ အခုလောလောဆယ် အချစ်ရေးပေါ့နော် ၊ ဒါပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags