ပါကစ္စတန်ရှိ လာဟောမြို့တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ဦးသေဆုံးပြီး အယောက်၃၀ခန့် ဒဏ်ရာရရှိ

ပါကစ္စတန်ရှိ လာဟောမြို့တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ဦးသေဆုံးပြီး အယောက်၃၀ခန့် ဒဏ်ရာရရှိ

ယနေ့ကြာသာပတေးနေ့တွင် အစ္စလာမ်အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံ လာဟောမြို့မှ တန်ဖိုးကြီးပစ္စည်းများ ရောင်းချရာနေရာနားရှိ အဆောက်အဦးတစ်ခုတွင် ဗုံးပေါက်ကွဲမှု   ဖြစ်ပွားခဲ့ကာ လူ၅ဦး သေဆုံးခဲ့ပြီး လူ၃၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောခဲ့သည်။

“ဒါဟာဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပါတယ်” ဟုပန်ဂျပ်ခရိုင်ရဲဌာနမှပြောရေးဆိုခွင့်ရှိသူ နာရပ်ဘ်ဟိုင်းဒါကပြောခဲ့ ပြီး ကယ်ဆယ်ရေးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒီဘာရှာနက်ဇ်က အသေအပျောက် ပမာဏကို ပြောပြခဲ့သည်။

ရုပ်သံမှတ်တမ်းများအရ တငွေ့ငွေ့လောင်ကျွမ်းနေသောအဆောက်အဦးနှင့် ပြတင်းပေါက်များကွဲကြေကာတွန့် ကြေနေသောကားများကို တွေ့ခဲ့ရသည်။

ပါကစ္စတန်အစိုးရမှ လွန်ခဲ့သောနှစ်ပတ်အတွင်းလူပေါင်း၁၃၀ကျော်ကိုသေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုများကို နိုင်ငံတစ်ဝန်းပြန်လည် တုံ့ပြန်သည့်စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင်  ယခုကဲ့သို့ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောဖေဖေါ်ဝါရီ၁၃ရက်နေ့တွင် ဆင့်ဒ်ခရိုင်အတွင်းရှိ ဆူဖီဘုရားကျောင်းထဲသို့အသေခံဗုံးဖောက်ခွဲခဲ့မှု ကြောင့် ၁၄ဦးသေဆုံးခဲ့ပြီး အယောက်၉၀ခန့် ဒဏ်ရာရရှိခဲ့သည်။ ဖြစ်ပွားခဲ့သမျှ တိုက်ခိုက်မှု အားလုံးကို အိုင်အက်စ်တို့နှင့် ပါကစ္စတန်ရှိတာလီဘန်အဖွဲ့တို့မှကျူးလွန်ခဲ့ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags