၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန် ခြေစစ်ပွဲ အုပ်စုများထွက်ပေါ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန် ခြေစစ်ပွဲ အုပ်စုများထွက်ပေါ်

ဇူလိုင် ၂၆၊ စိန့်ပီတာစ်ဘာ့ဂ်။ ။ ဥရောပတိုက်မှ ပြိုင်ပွဲဝင် ၅၂ နိုင်ငံအတွက် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုများမဲခွဲခြင်းကို စနေနေ့က စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဲခွဲရာတွင် အိမ်ရှင်နိုင်ငံဖြစ်သည့် ရုရှားသည် အလိုအလျောက်ခြေစစ်ပွဲအောင်ပြီးဖြစ်သဖြင့် ပါဝင်ခြင်းမရှိဘဲ ဖီဖာအဖွဲ့ဝင်မဟုတ်သည့် ဂျီဘရော်လ်တာလည်း ပါဝင်ခဲ့ခြင်းမရှိပေ။

အုပ်စုခွဲဝေရာတွင် ခြောက်သင်းပါ ခုနစ်အုပ်စုနှင့် ငါးသင်းပါ နှစ်အုပ်စုဟူ၍ ခွဲဝေခဲ့သည်။ အုပ်စု (ဆ)မှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်ပြီး ယူရို ၂၀၁၂ ဗိုလ်လုပွဲရောက်နှစ်သင်းဖြစ်သည့် စပိန်နှင့် အီတလီတို့ ထိပ်တိုက်တွေ့ဆုံနေကြသည်။

ယူရို ၂၀၁၆ အိမ်ရှင်ပြင်သစ်အသင်းမှာ နယ်သာလန်နှင့် အုပ်စု (က)၊ အင်္ဂလန်မှာ ၁၉၉၉ နောက်ပိုင်း ပထမဆုံးအကြိမ်ပြိုင်ပွဲတွေ့ဆုံမှုအဖြစ် စကော့တလန်နှင့် အုပ်စု (စ)၊ လက်ရှိချန်ပီယံ ဂျာမနီသည် ချက်၊ မြောက်အိုင်ယာလန်၊ နော်ဝေ၊ အဇာဘိုင်ဂျန်၊ ဆမ်မာရီနိုတို့နှင့် အုပ်စု (ဂ) တွင် ကျရောက်နေသည်။

ခြေစစ်ပွဲစဉ်များကို ၂၀၁၆ စက်တင်ဘာ ၄ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အုပ်စု (က)

------------

နယ်သာလန်၊ ပြင်သစ်၊ ဆွီဒင်၊ ဘူလ်ဂေးရီးယား၊ ဘီလာရုစ်၊ လူဇင်ဘတ်

အုပ်စု (ခ)

------------

ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ ဖာရိုးကျွန်းစု၊ လတ်ဗီးယား၊ အန်ဒိုရာ

အုပ်စု (ဂ)

-----------

ဂျာမနီ၊ ချက်၊ မြောက်အိုင်ယာလန်၊ နော်ဝေ၊ အဇာဘိုင်ဂျန်၊ ဆမ်မာရီနို

အုပ်စု (ဃ)

------------

ဝေးလ်၊ သြစတြီးယား၊ ဆားဘီးယား၊ အိုင်ယာလန်၊ မော်လ်ဒိုဗာ၊ ဂျော်ဂျီယာ

အုပ်စု (င)

-----------

ရိုမေးနီးယား၊ ဒိန်းမတ်၊ ပိုလန်၊ မွန်တီနီဂရိုး၊ အာမေးနီးယား၊ ကာဇက်စတန်

အုပ်စု (စ)

------------

အင်္ဂလန်၊ ဆလိုဗက်ကီးယား၊ စကော့တလန်၊ ဆလိုဗေးနီးယား၊ လစ်သူယေးနီးယား၊ မော်လ်တာ

အုပ်စု (ဆ)

-------------

စပိန်၊ အီတလီ၊ အယ်လ်ဘေးနီးယား၊ အစ္စရေး၊ မက်ဆီဒိုးနီးယား၊ လက်ချင်စတိန်း

အုပ်စု (ဇ)

-----------

ဘယ်လ်ဂျီယံ၊ ဘော့စနီးယား၊ ဂရိ၊ အက်စ်တိုးနီးယား၊ ဆိုက်ပရပ်စ်

အုပ်စု (ဈ)

-----------

ခရိုအေးရှား၊ အိုက်စလန်၊ ယူကရိန်း၊ တူရကီ၊ ဖင်လန်

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly