ပရီးမီးယားလိဂ်ပွဲစဉ်များကို အမေရိကားတွင် ကစားနိုင်သည်ဟု မော်ရင်ဟို ဆို

ပရီးမီးယားလိဂ်ပွဲစဉ်များကို အမေရိကားတွင် ကစားနိုင်သည်ဟု မော်ရင်ဟို ဆို

ဇူလိုင် ၂၆၊ ကာရိုလိုင်းနား။ ။ အင်တာနေရှင်နယ်ချန်ပီယံများဖလား ပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီးနောက် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ၎င်းတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို အမေရိကားတွင် ကစားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ကို အဆင့်မြှင့် တိုးချဲ့ရန်အတွက် အိမ်ကွင်းအသစ်ရှာဖွေရမည်ဖြစ်ကာ မော်ရင်ဟိုက ၎င်း၏ အမြင်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

'စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ပြုပြင်တာက ၂ နှစ်လောက်ကြာနိုင်ပါတယ်။ မသေချာပါဘူး။ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီနေရာမှာ လာကစားနိုင်ပါတယ်။

ကျွန်တော့်အထင်ပြောရရင် ခြေစမ်းပွဲတစ်ပွဲကို ပရိသတ် ခြောက်သောင်းလောက်လာကြည့်တာက ပုံမှန်အနေအထားမဟုတ်ပါဘူး။ ဒီက ပရိသတ်တွေက ပုံမှန်မဟုတ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ ရလဒ်က ကျွန်တော်တို့ အတွက် စိတ်ထဲစွဲနေမယ့် ရလဒ်မျိုးမဟုတ်ပါဘူး။
ကျွန်တော်တို့က လေ့ကျင့်ရုံလောက် ကစားချင်ခဲ့တာပါ။ ဒါပေမဲ့ ပရိသတ်တွေက ဒီအခြေအနေကို ပြောင်းလဲပြီး ကြီးမားအောင်လုပ်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။

မနှစ်က အမေရိကန်ကို လာရတဲ့ ပုံစံနဲ့ ဒီနှစ်နဲ့ မတူပါဘူး။ ပရိသတ်တွေက တက်ကြွနေကြပါတယ်။ ညစာ စားပြီးတဲ့နောက် ကစားသမားတွေနဲ့ လမ်းလျှောက်ထွက်တဲ့ အခါမျိုးမှာ အဲ့ဒီလိုပုံစံတွေကို မြင်တွေ့နေရပါတယ်။ ရာသီကြို ခြေစမ်းပွဲအတွက် လာခဲ့ရတဲ့ နှစ်တိုင်း တစ်နှစ်နဲ့ တစ်နှစ်မတူအောင် ကွဲပြားခြားနားမှုတွေကို မြင်ရပါတယ်' ဟု မော်ရင်ဟိုက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly