မင်းသမီး ဒိုင်ယာနာ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် သူမဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို ခင်းကျင်းပြသ

မင်းသမီး ဒိုင်ယာနာ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် သူမဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို ခင်းကျင်းပြသ

ဖေဖော်ဝါရီ ၂၃ ။             ။ ဝေလ မင်းသမီး ဒိုင်ယာနာ ကွယ်လွန်သွားခဲ့တာ ယခုနှစ်ဆိုရင် အနှစ် ၂၀ ပြည့်မြောက်လာပြီ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် သူမဝတ်ဆင်ခဲ့တဲ့ အဝတ်အစား ဝတ်စုံတွေကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ဖေဖော်ဝါရီ ၂၄ ရက်စလို့ ထုတ်ဖော်ပြသထားမှာဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြိုးပြိုးပြက်ပြက်တောက်ပနေတဲ့ ဂါဝန်တွေ၊ အရောက်လက်ထနေတဲ့ ဝတ်စုံတွေ နဲ့ အခြား ဆန်းပြားလှပတဲ့ အဝတ်အစားတွေကိုတော့ လန်ဒန်မြို့က Kensington အိမ်တော်မှာ "Diana: Her Fashion Story" ဆိုတဲ့ခေါင်းစဉ်နဲ့ ပြသပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု ပြပွဲမှာဆိုရင် ဒိုင်ယာနာအနေနဲ့ ထုံးတမ်းအစဉ်အလာ တော်ဝင်ဝတ်စားဆင်ယင်မှု စည်းမျဉ်းတွေကနေ ထုံးတမ်းသိပ်မဆန်တဲ့ အဝတ်အစားအဆင်အပြင်ပုံစံ ပြောင်းလဲဝတ်ဆင်ခဲ့မှုတွေကို   မြင်ရမှာဖြစ်သလို ၁၉၉၇ ခုနှစ် ပါရီမြို့မှာ ကားအက်ဆီးဒင့်နဲ့ သူမ မသေဆုံးမီအထိ ရွေးချယ်ဝတ်ဆင်ခဲ့ပုံ အသွင်အပြင်တွေကို မြင်ရမှာဖြစ်ပါတယ်။

" ဒီမှာ ပြထားတဲ့ ဝတ်စုံ တစ်ခုစီတိုင်းကိုကြည့်ရင် ဒိုင်ယာနာ မင်းသမီး ရဲ့ ဘဝဇာတ်ကြောင်း တစ်ခုစီကို ဖော်ညွှန်းနေသလိုပါပဲ၊ ဒီဝတ်စုံတွေက သူမ ဘယ်လိုမျိုး ဝတ်ဆင်ခဲ့တာကို   ဖော်ပြရုံသက်သက်မဟုတ်ပါဘူး၊ သူမ ရဲ့ ဘဝဇာတ်ကြောင်းကိုပါ ဖော်ညွှန်းပြသပေးနေတာဖြစ်ပါတယ်" လို့ ပြတိုက်မှူး ဖြစ်သူ Libby Thompson က ပြောသွားပါတယ်။

" ဒီ ဝတ်စုံတွေကို ကြည့်ရင် မင်းသမီး ဒိုင်ယာနာဟာ သူမဘဝတစ်လျှောက် ဘယ်လိုမျိုး ယုံကြည်ချက် ရှိရှိ ရပ်တည်လာလဲဆိုတာကို မြင်နိုင်ပါတယ်" လို့လည်း ပြတိုက်တာဝန်ခံတစ်ဦးဖြစ်တဲ့ Eleri Lynn က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly