လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ လယ်လာနာကို ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် လယ်လာနာဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက ဆောက်သမ်တန်မှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲ (၈၀) ကစားထားရာမှာ (၁၆) ဂိုးထိ သွင်းယူခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လယ်လာနာကို နွေရာသီမှ စာတင်ကာ တပတ်ပေါင် ၁၁၀,၀၀၀ ဖြင့် (၃) နှစ် စာချုပ်ခဲ့ပြီး နောက်ထပ် (၁)နှစ် ထပ်ချုပ်ရန်လည်း ထည့်သွင်းပါရှိတယ်လို့ ဖော်ပြထားပါတယ်။
"ကျနော် အရမ်းဂုဏ်ယူမိပါတယ်။ ကလပ်အသင်းနှင့် အထူးသဖြင့် မန်နေဂျာကနေ ယုံကြည်မှုရှိတယ်လို့ ခံစားရပါတယ်"လို့ လယ်လာနာက လီဗာပူးလ်ရဲ့ ဝက်ဘ်ဆိုက်ကို ပြောပါတယ်။
လီဗာပူလ်ဟာ ဇန်နဝါရီလက တိုက်စစ်မှူး ကော်တင်ဟိုကို တပတ်ပေါင် တစ်သိန်းခွဲဖြင့် (၅) နှစ် စာချုပ်ခဲ့တာကြောင့် ၎င်းဟာ ကလပ်အသင်းမှာ လစာငွေ အမြင့်ဆုံးရရှိတဲ့ ကစားသမားဖြစ်စေပါတယ်။
Ref; BBC Sports