မလေးရှားမှ အထောက်အပံ့ပစ္စည်းများ ဖေဖော်ဝါရီ ၂၅ ရက်အပြီး ဖြန့်ဝေသွားမည်

မလေးရှားမှ အထောက်အပံ့ပစ္စည်းများ ဖေဖော်ဝါရီ ၂၅ ရက်အပြီး ဖြန့်ဝေသွားမည်
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
 
 

ဖေဖော်ဝါရီ ၂၂ ။           ။ မလေးရှားအစိုးရမှ လူသားချင်းစာနာထောက်ပံ့သောအကူအညီများကို  ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အဖွဲ့အစည်းများသို့ ဖေဖော်ဝါရီ ၂၅ နေ့အပြီး   ဖြန့်ဝေသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်သည်။

ထောက်ပံပစ္စည်းများကို ကျေးရွာပေါင်း ၁၉၀ ရွာရှိ နှစ်ဖက်အဖွဲ့အစည်းများသို့  ဖေဖော်ဝါရီလ ၂၅ ရက်အပြီး ဖြန့်ဝေသွားမည်ဖြစ်ပြီး  အဆိုပါပစ္စည်းများ မောင်တောဒေသသို့ ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိသည်။

မလေးရှားနိုင်ငံအစိုးရမှ လှူဒါန်းသည့်ပစ္စည်းများမှာ ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲ ၁၈၄၆ ဖာ၊ ရေသန့် ၉၇၅ ဖာ၊ သွားတိုက်ဆေး ဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ တဘက် ၉၅ ထုပ်၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ် ၉ ဖာနှင့် ဖိနပ် အိတ် ၅ဝ တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဦးစီး၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊  မောင်တောရှိ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့များမှ ဖြန့်ဝေသွားမည် ဖြစ်သည်။

ထို့ပြင် စစ်တွေမြို့ရှိ IDP စခန်းများအား ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဦးစီး၍ ဖြန့်ဝေသွား မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွက် မလေးရှားနိုင်ငံမှ အထောက်အပံ့ပစ္စည်းများတင်ဆောင်လာသည့် စစ်ရေယာဉ် ပြည်တော်အေး (၂) သဘောၤသည် ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၂နာရီကျော်တွင် စစ်တွေဖောင်တော်ကြီး ဆိပ်ခံတံတား သို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly