ဘုန်းကြီးကျောင်းအတွင်း ထိုင်းရဲများ ဝင်မစီးနိုင်ရန် ဒါယကာ၊ ဒါယကာမများက ဆက်လက်ခုခံနေ

ဘုန်းကြီးကျောင်းအတွင်း ထိုင်းရဲများ ဝင်မစီးနိုင်ရန် ဒါယကာ၊ ဒါယကာမများက ဆက်လက်ခုခံနေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂ ။              ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ယခင်ကျောင်းထိုင်ဘုန်တော်ကြီးဟောင်းတစ်ပါးကို ရဲက အလိုရှိပြီး စီးနင်းရှာဖွေမှာကို ဒါယကာ ဒါယကာမများက ခုခံနေလျက်ရှိနေဆဲဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းဝင်းအပြင်ဖက်မှာ စုရုံးနေတဲ့ ဒါယကာ၊ ဒါယကာမတွေက အာဏာပိုင်တွေရဲ့ ကျောင်းဝင်းကနေ ထွက်ခွာသွားဖို့ အမိန့်ထုတ်ထားတာကို မထေ့မဲ့မြင်ပြုလျက်ရှိပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းမှာ ကိုးကွယ်ဆည်းကပ်သူ တစ်ထောင်ဝန်းကျင်ခန့်က ဓမ္မကရာဘုန်းကြီးကျောင်းအပြင်မှာ စုရုံးရောက်ရှိနေကြတာဖြစ်ပါတယ်။ အာရုံဆွမ်း ကပ်လှုပူဇော်ရန်အတွက်
စစ်သားနဲ့ ရဲတွေ စောင့်ကြည့်နေတဲ့ကြားက ဘုန်းကြီးကျောင်းဆီ ရောက်ရှိနေကြတာဖြစ်ပါတယ်။

ကျောင်းထိုင်ဘုန်းတော်ကြီးဟောင်း ပရာဓမ္မချာရိုကို ပိုင်နက်ကျုးလွန်မှု၊ ငွေကြေးခဝါချမှုနဲ့ အလှုငွေများ အလွဲသုံးစားလုပ်မှုတွေနဲ့ အာဏာပိုင်တွေက ကျောင်းဝင်းအတွင်း ဝင်ရောက်စီးနင်းရှာဖွေရေး ရက်အတန်ကြာ ကြိုးစားလျက်ရှိနေတာပါ။

အာဏာပိုင်အဖွဲ့တွေကို ဘုန်းကြီးတွေနဲ့ ဒါယကာဒါယကာမတွေက နှောင့်ယှက်ဟန့်တားနေတာဖြစ်ပြီး ဝင်ပေါက်တွေကိုလည်း ပိတ်ဆို့ထားပါတယ်။ ကြည်ညိုဆည်းကပ်သူနောက်လိုက်အားလုံးနှင့် ဘုန်းကြီးများ ကျောင်းဝင်းအတွင်းက ထွက်ခွာသွားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတဲ့ကြားက ခုလိုဆက်လက်ခုခံနေတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာ တာဝန်ရှိသူ အင်အား တစ်ထောင်ဝန်းကျင် ကျောင်းဝင်းတစ်ဝိုက်မှာ စခန်းချထားနိုင်ပေမယ့် သက်တော် ၇၂ နှစ်ရှိ ဓမ္မချာရိုဘုန်းတော်ကြီးကို ကျောင်းဝင်းအတွင်း ရှာဖွေရေးအတွက် အထူးစုံစမ်းရေးဌာနက ဘုန်းကြီးကျောင်းနဲ့ စေ့စပ်ညှိနှိုင်းလျက်ရှိနေပါတယ်။ ဘုန်းတော်ကြီးအနေနဲ့ ၂၀၁၆ ဇွန်လက စွပ်စွဲချက်များထွက်လာပြီးနောက်ပိုင်း လူမြင်ကွင်းမှာ မတွေ့ရတော့တာပဲဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ဘုန်းတော်ကြီးဟာ ခုကျောင်းဝင်းအတွင်း ရှိနေတယ်လို့ ယူဆထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags