ထိုင်ဝမ်မှ ရထားဗုံးဖောက်ခွဲသူ ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ

ထိုင်ဝမ်မှ ရထားဗုံးဖောက်ခွဲသူ ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ

ပြီးခဲ့သောနှစ်က လူရှုပ်နေသော ထိုင်ဝမ်ရှိရထားပေါ်၌ လက်လုပ်ဗုံးတစ်လုံးအား ဖောက်ခွဲခဲ့ပြီး လူပေါင်းနှစ်ဒါဇင် ခန့်အား ဒဏ်ရာရရှိစေခဲ့သော ထိုင်ဝမ်အမျိုးသားတစ်ဦးကို ယနေ့ ဗုဒ္ဓဟူးနေ့တွင်   ထောင်ဒဏ်နှစ်၃၀ခန့် ချမှတ်ခဲ့သည်။

အသက် ၅၆နှစ်အရွယ်ရှိ လင်းရင်ချန်းသည် ပြီးခဲ့သော၂၀၁၆ဂျူလိုင်လက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် ခွင့်ပြု ချက်မရှိဘဲ ပေါက်ကွဲစေတတ်သော ပစ္စည်းများပြုလုပ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး အပြစ်ရှိ ကြောင်းထင်ရှားသောကြောင့် ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘူတာရုံထဲသို့ရထားဝင်ရောက်လာချိန်တွင်ဖြစ်ပွားခဲ့သောအဆိုပါပေါက်ကွဲမှုကြောင့်လူပေါင်း၂၄ဦးခန့်ဒဏ်ရာရရှိခဲ့ရသည်။

“တရားခံသည် ကိုယ့်ကိုယ်ကိုသေကြောင်းကြံသည့်ရည်ရွယ်ချက်ဖြင့် ပေါက်ကွဲစေတတ်သောကရိယာကိုစနက် တံဖြုတ်ခဲ့ပြီး လူမှုအဖွဲ့အစည်းအပေါ်ကိုလက်စားချေသည်ဆိုသောအကြောင်းပြချက်ဖြင့် အပြစ်မဲ့သူများစွာကို သေဆုံးစေခဲ့သည်။ သူ့ရဲ့မလိုတမာစိတ်နဲ့ တမင်ရည်ရွယ်ပြီး ကျူးလွန်ခဲ့တာပါ” ဟု တရားရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမိန့်အား အသနားခံခွင့်ရှိသော တရားခံ လင်းရင်ချန်းသည် အဆိုပါပေါက်ကွဲမှုတွင် သူကိုယ်တွင်ဒဏ်ရာရရှိခဲ့ သည်။

သူ့တွင် ကင်ဆာဝေဒနာတွေ့ရှိကြောင်း ဆေးစစ်ခဲ့မှုအပြီး၌ အလုပ်အကိုင်တစ်ခု ရရှိဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် သူ၏ကားအတွင်း၌သာ နေထိုင်ခဲ့ရကြောင်း တရားရုံးတော်သို့ လျှောက်လဲခဲ့သည်။ ဒါ့အပြင်သူသည် သူ၏မိသားစုနှင့်အတူ ခွာပြဲခဲ့သည်ဟုလည်းပြောခဲ့သည်။

တရားရုံး၏ထုတ်ပြန်ချက်အရ တရားခံဖြစ်သူ လင်းသည် လူမှုအဖွဲ့အစည်းက သူ့အပေါ် တာဝန်ယူသင့်သည်ဟု ယုံကြည်ကြောင်းပြောခဲ့သည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly