ဘာသာစကားလေ့လာမှုရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

ဘာသာစကားလေ့လာမှုရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

ဘာကြောင့် လူငယ်တွေ ဘာသာစကား လေ့လာသင်ယူနေကြတာလဲ။ ဘာသာစကား လေ့လာသင်ယူမှုကနေ ဘယ်လိုအကျိုးရလဒ်တွေ ရမလဲဆိုတာကို လူငယ်တွေဆီကို အခုပဲလိုက်မေးကြည့်ပါ့မယ်။

 

 

 

ကျွန်တော့်အနေနဲ့ဗျာ။ ထင်တာကတော့ အခုခေတ်က နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံကို လာတာများတယ်လေ။ အဲဒီလိုမျိုး ထိတွေ့တဲ့အတွက်  လူငယ်တွေသင်တယ်လို့လည်း ထင်တယ်။ တစ်ချို့လူငယ်တွေကြတော့လည်း လူအများစုသင်တဲ့အတွက်ကြောင့်   ပေါ်ပင်အနေနဲ့သင်တာလည်း   ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့်ကျွန်တော်က သင် သင့်တယ်ပဲ ထင်တယ်။

 

 

 

နိုင်ငံတကာကိုပေါ့နော် သွားနိုင်ဖို့အတွက်။ လူတကာကိုပေါ့၊ နိုင်ငံတကာမှာပြောနိုင်ဖို့အတွက်၊ ဆက်ဆံနိုင်ဖို့အတွက်ပေါ့နော်။ ဘာသာစကားတွေကို သင်ကြတယ်ပေါ့။ အဲဒီအကျိုးကျေးဇူးတွေကြောင့် သူတို့က ခေတ်လူငယ်တွေကို တိုးတက်လာစေတယ်ပေါ့နော်။ နေရာတကာကို လူဝင်ဆန့်နိုင်ရဲတယ်ပေါ့။ အဲဒီလိုအကျိုးကျေးဇူးတွေ ရရှိပါတယ်။

 

 

 

ကျွန်တော် ဂျပန်ဘာသာစကားကို သင်ထားတယ်။ ဘာကြောင့်သင်တာလဲဆိုတော့ ဂျပန်ဘာသာစကားကို စိတ်ဝင်စားလို့ပေါ့။ အကျိုးတွေကတော့ ကျွန်တော် ဂျပန်သွားပြီးတော့ သူတို့ဆီမှာရှိတဲ့ နည်းပညာတွေ ပြန်သင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးအသုံးချချင်လို့ပါ။

 

 

 

နိုင်ငံခြားသားတွေတောင်မှ ဒီမြန်မာနိုင်ငံလာပြီး မြန်မာစကားသင်ကြတယ်ဆိုတော့လေ ကျွန်မတို့လည်း ဗဟုသုတတွေအများကြီးရအောင်၊ သူများနိုင်ငံတွေသွားပြီးတော့ အတွေ့အကြုံအသစ်တွေ အများကြီးရအောင်ပေါ့နော်။ ဘာသာစကားတွေ အများကြီးတတ်သင့်တယ်လို့ ထင်တယ်။

 

 

 

ဘာသာစကားက အခုဆိုရင်တော့ တော်တော်လေး အသုံးဝင်မှာပေါ့နော်။ နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါ ဘာသာစကားက အရေးကြီးတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော့တစ်ယောက်တည်းအမြင်ပြောရင် ဘာသာစကားကို ကျွန်တော်က တတ်ထားရင်တော့ ကောင်းတယ်။ ဒါပေမယ့် ဘာသာစကားမတတ်တဲ့အပေါ် ကျွန်တော် အဲဒီလောက် ဖိအားရှိမှာမဟုတ်ဘူး။

 

 

 

နိုင်ငံတကာမှာလည်း အဲဒီလိုပဲ။ ဘာသာစကားတစ်ခုတည်းနဲ့ အဆင်မပြေတော့ဘူး။ တစ်ခြားနိုင်ငံခြားမှာလည်း အဲဒါ။ အမေရိကန်နိုင်ငံတွေမှာလည်း မိခင်ဘာသာစကားတစ်ခု၊ တခြားဘာသာစကားတစ်ခု၊ နှစ်ခု လေ့လာကြတယ်။ အခု မြန်မာနိုင်ငံမှာလည်း အဲဒီလိုပဲ သမီးတို့လို လူငယ်တွေ အကုန်လုံးက ဘာသာစကားတွေကို တစ်ခုထက်ပိုပြီး လေ့လာနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံး အခုဆိုရင် နိုင်ငံခြားကုမ္ပဏီတွေက ဝင်လာပြီ။ အဲဒီဟာတွေနဲ့ ပတ်သတ်ပြီး အလုပ်အကိုင်အခွင့်အရေးတွေ ပိုပြီးတော့အဆင်ပြေလာတယ်။ ဘာသာစကားတတ်ထားရင် အဲဒီဟာကြောင့် သမီးတို့လူငယ်တွေက ဘာသာစကားကို လေ့လာနေကြတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာလည်း ဂျပန်ရဲ့ကုမ္ပဏီတွေက အများကြီးဝင်ရောက်လာပြီဆိုတော့ ကျွန်တော် အခု ဂျပန်စကားသင်ထားတယ်ဆိုတော၊ ဂျပန်ကပြန်လာရင်လည်း ကျွန်တော့အတွက် ပိုပြီးအဆင်ပြေမယ်။ ဒီရောက်ရင်လည်း ကျွန်တော့အတွက် အလုပ်အကိုင်၊အခွင့်အလမ်းက အများကြီးရှိတာပေါ့။

 

 

 

 နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် လူငယ်တွေက ဘာသာစကားတွေကို လေ့လာ သင်ယူနေကြပါတယ်။ ဘာသာစကားလေ့လာသင်ယူမှု ကနေပြီးတော့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာကိုလည်း ကျွန်မသူငယ်ချင်းတွေက အခုလိုပဲပြောပြခဲ့ကြတာပါ။ ဒီတော့ ဘာသာစကားလေ့လာသင်ယူမှုကနေ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာကို ကျွန်မတို့ရဲ့Yope Facebook နဲ့ yope Website တွေမှာ ဝင်ရောက်ပြီးတော့ ကွန်းမန့်လေးတွေပေးခဲ့ကြပါဦး ဘိုင့်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly