ကွယ်လွန်သူ ဂျော့မိုက်ကယ်နှင့်အတူ ပူးပေါင်းတင်ဆက်ရန် စီစဉ်ခဲ့ကြဖူးသည်ဟု နိုင်းလ်ရော့ဂျာ ဖွင့်ဟပြောဆို

ကွယ်လွန်သူ ဂျော့မိုက်ကယ်နှင့်အတူ ပူးပေါင်းတင်ဆက်ရန် စီစဉ်ခဲ့ကြဖူးသည်ဟု နိုင်းလ်ရော့ဂျာ ဖွင့်ဟပြောဆို

ဂီတထုတ်လုပ်ရေးမှူးဖြစ်သူ နိုင်းလ်ရော်ဂျာက သူသည် နာမည်ကျော်အဆိုတော် ဂျော့မိုက်ကယ် မကွယ်လွန်မီ နှစ်ရက်အလို၌ သူနှင့်အတူ ပူးပေါင်းတင်ဆက်မှု ပြုလုပ်ကြရန် စီစဉ်ခဲ့ဖူးသည်ဟု ဖွင့်ချပြောဆိုခဲ့သည်။

နာမည်ကျော်အဆိုတော်များဖြစ်သည့် ဒေးဗစ်ဘိုဝီ၊ လေဒီဂါဂါတို့နှင့်အတူ အလုပ်တွဲလုပ်ဖူးသော နာမည်ကျော် ဂီတထုတ်လုပ်ရေးမှူးဖြစ်သူ နိုင်းလ်ရော်ဂျာသည် အဆိုတော်ဂျော့မိုက်ကယ်၏ နေအိမ်သို့ ဒီဇင်ဘာ ၂၃ ရက်နေ့ တွင်ရောက်ရှိခဲ့ပြီး ပူးပေါင်းတင်ဆက်ရန် စီစဉ်ခဲ့ပြီးနောက် နှစ်ရက်အကြာ ခရစ္စမတ်နေ့တွင် ဂျော့မိုက်ကယ် ကွယ်လွန်ခဲ့သည်။

ရော်ဂျာသည် မိုက်ကယ်၏ သီချင်းတစ်ပုဒ်အား ပြန်လည်ဖန်တီးပြီးနောက်တွင် သူနှင့် အတူပူးပေါင်းရန်အတွက် ဒီဇင်ဘာ၂၅ ရက်နေ့တွင် ဆွေးနွေးရန် စီစဉ်ခဲ့သည်။

သို့သော်လည်း သူ၏ လက်ကိုင်ဖုန်းမြည်လာချိန်တွင် ကြားခဲ့ရသောသတင်းမှာ ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ဂျော့မိုက်ကယ်၏ ကွယ်လွန်မှုသတင်းပဲ ဖြစ်သည်။

ရော်ဂျာသည် ယခုအကြောင်းအရာအား ဘီဘီစီမှ မေးမြန်းခဲ့သော ဘယ်အဆိုတော်နှင့်အတူ ပူးပေါင်းတင်ဆက် ချင်သလဲဆိုသော မေးခွန်းအား ဖြေကြားခဲ့ချိန်တွင် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

သူက “ဒီမေးခွန်းက ခဲရာခဲဆစ်နိုင်လှပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် လူအချို့နဲ့အတူ အလုပ်လုပ်ဖို့ စီစဉ် ထားပေမယ့် သူတို့တွေ ကွယ်လွန်သွားခဲ့တဲ့အတွက် တကယ်တမ်း ဖြစ်မလာခဲ့ရပါဘူး။ ကျွန်တော်က ဂျော့မိုက်ကယ် နဲ့အတူ ပူးပေါင်းဆောင်ရွက်နေခဲ့တာပါ။ ကျွန်တော် ဒီဇင်ဘာ ၂၃ရက်နေ့က သူ့ဆီကို ကျွန်တော် ပြန်လည်ဖန်တီးထား တဲ့ သူ့သီချင်းအတူ လာရောက်ခဲ့ပါတယ်။ သို့သော်လည်း နောက်နှစ်ရက်အကြာမှာ သူကွယ်လွန်ခဲ့တဲ့အတွက် အရမ်းကို ခံစားခဲ့ရပါတယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly