အက်သလက်အသင်း၏ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသည့်အတွက် ဂရစ်ဇ်မန်း ဂုဏ်ယူ

အက်သလက်အသင်း၏ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသည့်အတွက် ဂရစ်ဇ်မန်း ဂုဏ်ယူ

ဖေဖော်ဝါရီ ၂၂၊ စပိန် ။               ။ အက်သလက်အသင်းက လီဗာကူဆင်အသင်းကို ၂-၄ ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရခဲ့သည့်ပွဲ၌ ဂရစ်ဇ်မန်းသည် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် အက်သလက်အသင်း၏ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ထိုဂိုးမှာ အက်သလက်အသင်းအတွက် ဂရစ်ဇ်မန်းသွင်းယူသည့် ၁၃ ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးဖြစ်သည်။ အာရာဂူးနက်စ်၏ သွင်းဂိုး ၁၂ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်သည့်အတွက် ဂရစ်ဇ်မန်းမှာ   ပျော်ရွှင်နေပြီး သမိုင်းသစ်များ ထပ်မံရေးထိုးသွားလိုကြောင်း ပြောဆိုခဲ့သည်။

‘လီဗာကူဆင်နဲ့ပွဲက ခက်ခဲမယ့်ပွဲဆိုတာ သိပြီးသားပါ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရလိုခဲ့ပါတယ်။ အနိုင်ရအောင်လည်း ကစားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကလည်း ခက်ခဲလာဦးမှာပါ။

လီဗာကူဆင်အသင်းဟာ ကျွန်တော်တို့ကို ဖိအားပေးကစားခဲ့ပြီး အခက်တွေ့စေခဲ့ပါတယ်။ နည်းပြရဲ့ အပြောင်းအလဲက ဒီပွဲမှာ ကျွန်တော်တို့အနိုင်ရဖို့ အထောက်အကူဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ကြီးကျယ်တဲ့ ပွဲတစ်ပွဲကို ကစားရပါဦးမယ်။

အက်သလက်တီကိုအသင်းရဲ့ သမိုင်းအစိတ်အပိုင်းတစ်ခုဖြစ်လာရလို့ ဂုဏ်ယူမိပါတယ်။ အက်သလက်မှာ သမိုင်းသစ်တွေထပ်ရေးထိုးနိုင်ဖို့ မျှော်လင့်ပါတယ်’ ဟု ဂရစ်ဇ်မန်းက ဆိုသည်။

အက်သလက်နှင့်လီဗာကူဆင်တို့၏ ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၅ ရက်နေ့တွင် ဗင်းဆင့်တေးကယ်ဒါရွန်ကွင်း၌ ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags