မောင်တော၌ မြှုပ်နှံထားသော လူသေအလောင်း ၄လောင်းတွေ့ရှိ

မောင်တော၌ မြှုပ်နှံထားသော လူသေအလောင်း ၄လောင်းတွေ့ရှိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
 
 

ဖေဖော်ဝါရီ ၂၁၊၂၀၁၇ ။               ။ မောင်တောဒေသတွင် လူသေအလောင်း ၄ လောင်း မြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်သည်။

လူဖမ်းပြင်ရွာနေ အဆူဘော်ဘီမှ ရွာတောင်ဘက် ကိုက် (၃၀၀) ခန့်အကွာ ကွင်းပြင်၌ ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါနေရာအား တူးဖော်ခဲ့ရာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး တို့၏ အလောင်းများအား တွေ့ရှိခဲ့သည်။

စစ်ဆေးချက်များအရ အမျိုးသား ၁ ဦး၏ အလောင်းတွင် ဝဲဂျိုင်းအောက် ဖောက်ဝင်/ဦးခေါင်းအောက်ပွင့်ထွက် ဒဏ်ရာ၊ အမျိုးသမီး ၃ ဦး အနက် ၂ ဦးမှာ နောက်ကျောဖောက်ဝင်/ ကျောရိုးကျိုးဒဏ်ရာများ   တွေ့ရှိခဲ့ပြီး၊ ကျန် ၁ ဦးမှာ အတွင်းဒဏ်ရာ မတွေ့ရှိခဲ့ကြောင်း သိရပြီး ငါးခူရနယ်မြေခံ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် ညနေ ၃နာရီခွဲတွင် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိ   ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly