ဟယ်ရီစတိုင်လ်အား သဘောကျနှစ်သက်ကြောင်း ဂျနီဖာလိုပက်ဇ်ဝန်ခံ

ဟယ်ရီစတိုင်လ်အား သဘောကျနှစ်သက်ကြောင်း ဂျနီဖာလိုပက်ဇ်ဝန်ခံ

အဆိုတော်နှင့် မင်းသမီးဖြစ်သူ ဂျနီဖာလိုပက်ဇ်သည် Ellen Show အစီအစဉ်၌ “ဘယ်သူ့ကို လိုလားသလဲ” ဆို သော ဂိမ်းအား ယနေ့အင်္ဂါနေ့တွင် ကစားခဲ့သည်။ ထိုဂိမ်းအစီအစဉ်တွင် သူမအား ရွေးချယ်စရာ နှစ်ခုပေးထားပြီး မည်သည့် အနုပညာရှင်ကို ရွေးချယ်မလဲဆိုတာကို ဆုံးဖြတ်ရာတွင် သူမသည် ဟယ်ရီစတိုင်လ်အား အခြား နာမည်ကျော်များဖြစ်သည့် နစ်ခ်ဂျိုးနက်စ်၊ ဇက်အက်ဖရွန်၊ ဘရက်ပစ်တို့ကို ငြင်းဆန်ကာ အလှည့်တိုင်းတွင် ရွေးချယ်ခဲ့သည်။

သူမ ဟယ်ရီအားမရွေးချယ်ခဲ့သော အလှည့်များမှာ လန်နီခရာဗစ်နှင့် လီယိုနာဒိုတို့နှင့် ယှဉ်သော အလှည့်တွင် သာဖြစ်သည်။ ထို့နောက် ဂိမ်းအစီအစဉ်ပြီးသည့်နောက်တွင် အစီအစဉ်မှူးဖြစ်သူ အယ်လင်က ဟယ်ရီစတိုင်လ် မှာ ဂျနီဖာလိုပက်ဇ်၏ စိတ်ကူးယဉ်ချစ်သူဖြစ်သည်ဟု ဆုံးဖြတ်ပေးခဲ့သည်။

“သူက ကျွန်မရဲ့ချစ်သူလား။ သူက ကျွန်မအတွက်တော့ နည်းနည်းလေးငယ်နေသလိုပါပဲ” ဟု သူမကရယ်၍ ပြော ခဲ့သည်။

အသက်အရွယ်အကြောင်းနှင့် ပတ်သက်၍ သူမက “အိုကေ။ ပထမဦးဆုံး အနေနဲ့ ကျွန်မထက်ငယ်တဲ့ သူတွေကို ကျွန်မ မတွဲချင်ပါဘူး။ ကျွန်မထက် ငယ်ရမယ်လို့လည်း မဆိုလိုပါဘူး။ အဲ့ဒီ့သဘောလည်း မဟုတ်ပါဘူး။ ကျွန်မ လူတချို့ကိုတွေ့တယ်။ အကယ်၍ သူတို့နဲ့ လျှောက်လည်ချင်တယ်ဆိုရင် လျှောက်လည်လိုက်တယ်။ အကယ်၍ သူတို့ကို ကြိုက်သလိုလို ရှိတယ်ဆိုလည်း ကြိုက်လိုက်တာပါပဲ။ အကယ်၍ မကြိုက်ဘူးဆိုရင်တော့ လည်းမကြိုက်ယုံပဲပေါ့။ ဘယ်သူဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ သူတို့ ဘယ်လိုလူဖြစ်သလဲဆိုတာပဲ အရေးကြီးတာပါ။ အသက်အရွယ်က အဓိကမဟုတ်ပါဘူး” ဟုလည်း ပြောခဲ့သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly