အမျိုးသား လုံခြံုရေးအကြံပေး အရာရှိသစ် အဖြစ် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့် ရွေးချယ်ခန့်အပ်

အမျိုးသား လုံခြံုရေးအကြံပေး အရာရှိသစ် အဖြစ် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့် ရွေးချယ်ခန့်အပ်

ဖေဖော်ဝါရီ ၂၁ ။                ။ လစ်လပ်နေသော အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဖြစ် ယခုအခါ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မက်မာစတာ အား သမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ယင်း ရာထူးနေရာအတွက် ဒေါ်နယ်ထရမ့် ပထမဆုံး ခန့်အပ်ထားခဲ့သော မိုက်ကယ် ဖလင်း မှာ နှုတ်ထွက်သွားခဲ့သလို ဒုတိယမြောက် ရွေးချယ်ထားသူနှင့်လည်း ညှိနှိုင်း၍ အဆင်မပြေဖြစ်ခဲ့ပြီးမှ ယခု ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ခန့်အပ်လိုက်နိုင်ခြင်း ဖြစ်သည်။

မိုက်ကယ်ဖလင်းမှာ ရုရှအစိုးရနှင့် အငြင်းပွားဖွယ် ချိတ်ဆက် ပတ်သက်သည့် ဆက်ဆံရေး ရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဒုသမ္မတ မိုက်ပန့်နှင့် FBI တို့ကို လိမ်ပြောထားခဲ့သည်ဆိုသည့် စွဲချက်များထွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်က ရာထူးမှ နှုတ်ထွက်လိုက်ရခြင်း ဖြစ်သည်။

ယင်းနောက် သမ္မတ ထရမ့်အနေဖြင့် ဖလင်း၏ နေရာတွင်အစားထိုးရန် အငြိမ်းစား ရေတပ်ဒုဗိုလ်ချုပ်ကြီး ရောဘတ် ဟာဝါ့ဒ် အား ကမ်းလှမ်းခဲ့သော်လည်း လက်မခံသဖြင့် အဆင်မပြေ ဖြစ်နေခဲ့ရသည်။

ယခု ခန့်အပ်ခံခဲ့ရသည့် အသက် ၅၄ နှစ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး မက်မာစတာမှာ ဗီယက်နမ် စစ်ပွဲအတွင်းက အမေရိကန်စစ်တပ်၏ ကိုင်တွယ်လုပ်ဆောင်ခဲ့ပုံကို ဝေဖန်ထားခဲ့သူဖြစ်ကာ ၂၀၀၅ ခုနှစ်ကလည်း အီရတ်မြောက်ပိုင်းတွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly