ဆက်တန်နှင့်ပွဲတွင် အာဆင်နယ်အသင်းအတွက် ၀ဲလ်ကော့ ဂိုး ၁၀၀ ပြည့် သွင်းယူ

ဆက်တန်နှင့်ပွဲတွင် အာဆင်နယ်အသင်းအတွက် ၀ဲလ်ကော့ ဂိုး ၁၀၀ ပြည့် သွင်းယူ

ဖေဖော်ဝါရီ ၂၁၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းက အပျော်တမ်းကလပ် ဆက်တန်အသင်းကို ဝ-၂ ဂိုးဖြင့်အနိုင်ရခဲ့သည့် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ် တွင် ဝဲလ်ကော့သည် အာဆင်နယ်ကစားသမားဘ၀ ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို လူးကပ်စ်ပီရက်စ်က သွင်းယူခဲ့ပြီး ဝဲလ်ကော့က ဒုတိယဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်က အာဆင်နယ်အသင်းသို့ ရောက်ရှိလာသည့် ဝဲလ်ကော့သည် ၂၀၀၇ ခုနှစ်တွင် ချယ်လ်ဆီးအသင်းနှင့် ကစားခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲ၌ အာဆင်နယ်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခု ၁၀ နှစ်အကြာတွင် အာဆင်နယ်အတွက် ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။

ဝဲလ်ကော့သည် အာဆင်နယ်အသင်းတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်သည့် ၁၈ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပြီး နည်းပြအာစင်ဝင်းဂါး၏ လက်ထက်တွင် အီယန်ရွိုက်၊ ဘားကမ့်၊ အွန်နရီနှင့် ဗန်ပါစီတို့ပြီးနောက် ဂိုး ၁၀၀ သွင်းယူနိုင်သူ ဖြစ်လာခဲ့သည်။

ဝဲလ်ကော့သည် ပရီးမီးယားလိဂ်တွင် ၆၃ ဂိုး၊ ချန်ပီယံလိဂ်တွင် ၁၇ ဂိုး၊ အက်ဖ်အေဖလားတွင် ၁၁ ဂိုးနှင့် လိဂ်ဖလားတွင် ၉ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ဧရိယာအတွင်းမှ ၉၂ ဂိုးသွင်းခဲ့ပြီး ဧရိယာအပြင်မှ ၈ ဂိုးသွင်းခဲ့သည်။ ဝဲလ်ကော့ဂိုးအသွင်းနိုင်ဆုံးအသင်းများမှာ ချယ်လ်ဆီးနှင့် နယူးကာဆယ်တို့ဖြစ်ပြီး ၆ ဂိုးစီသွင်းယူခဲ့သည်။ ထိုဂိုး ၁၀၀ တွင် ဟက်ထရစ် ငါးကြိမ်ရခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly