ဆောဒီအာရေဗျမှာ ဒိုင်အကြီးအကဲလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ်ဟာ ပရီးမီးယားလိဂ်မှာ ရာသီကုန်အထိ ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
စနေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်းနှင့် ဘုန်းမောက်တို့ရဲ့ ပွဲစဉ်ကို ကလက်တန်ဘတ်က ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်သွားမယ်လို့ ပရီးမီးယားလိဂ်က အတည်ပြုလိုက်ပါတယ်။
၂၀၀၆ ကတည်းက ဖီဖာဒိုင်လူကြီးတစ်ဦးဖြစ်သူ ကလက်တန်ဘတ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ဒိုင်လူကြီး တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူလည်း ဖြစ်ပါတယ်။
ကလက်တန်ဘတ်မှာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ အက်ဖ်အေဖလားဗိုလ်လုပွဲနှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲများကို တာဝန်ယူခဲ့တဲ့ နာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်ပါတယ်။
ကလက်တန်ဘတ်ဟာ ဆော်ဒီအာရေဗျမှာ တစ်နှစ်လျှင် အခွန်လွတ် ပေါင် ၅၀၀,၀၀၀ အထိ ခံစားခွင့်ရမှာဖြစ်ပြီး အခုလို ပြောင်းရွှေ့ဖို့ ဖေဖော်ဝါရီ ၁၆ ရက် ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ကလက်တန်ဘတ်ဟာ ဆော်ဒီအာရေဗျတွင် ဒိုင်လူကြီးအကြီးအကဲရာထူးကို ရယူမှာဖြစ်ပြီး ပွဲစဉ်အချို့ကို ကိုင်တွယ်မှာဖြစ်ပါတယ်။ အဓိကအားဖြင့် ဆော်ဒီဒိုင်လူကြီးများ အရည်အချင်း တိုးတက်လာစေရန်နှင့် ပရော်ဖက်ရှင်နယ်ပိုမိုပီသလာစေရန် ကူညီသင်ကြားပေးသွားရမှာဖြစ်ပါတယ်။
Ref; BBC Sports