နှစ် နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် Great Fatherland ဆောက်လုပ်ရေးပိုင်ရှင်အား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့

နှစ် နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် Great Fatherland ဆောက်လုပ်ရေးပိုင်ရှင်အား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့

ဖေဖော်ဝါရီ ၂၀ ။            ။ Great Fatherland ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် လသာမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် တစ်ပေါင်းတည်းကျခံရန် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဦးကျော်မြင့်အား လိမ်လည်မှု ပုဒ်မ ၄၂၀ အတွက် ထောင်ဒဏ် ၅နှစ်၊ စာချုပ်စာတမ်းအတုပြုလုပ်မှု ပုဒ်မ ၄၆၈ အတွက် ထောင်ဒဏ် ၅ နှစ်တို့ဖြင့် တစ်ပေါင်းတည်း ကျခံရန် စုစုပေါင်း   ထောင်ဒဏ် ၅ နှစ်အဖြစ် ကျခံရန် ချမှတ်လိုက်ခြင်းဖြစ်သည်။

၎င်းအား ၂၀၁၄ ခုနှစ်တွင် ဦးစိုးမင်းထက်က မြေရှင်နှင့် သဘောတူညီချက်များချိုးဖောက်မှု၊ မြေရှင်၏ လက်မှတ်အတုရေးထိုးမှုများဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင်   ကျောက်တံတားရဲစခန်းမှ ဝရမ်းထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ  အဆောက်အအုံတစ်ခု တည်ဆောက်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ဦးကျော်မြင့်သည် ဗဟန်း၊ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးများ အပါအဝင် အမှုပေါင်း ၂၀ ခန့် စွဲဆိုခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly