ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် ပဋိပက္ခဖြစ်ပွားရာနေရာများသို့ သီးခြားတွေ့ဆုံမေးမြန်းခဲ့ဟု ပြော

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် ပဋိပက္ခဖြစ်ပွားရာနေရာများသို့ သီးခြားတွေ့ဆုံမေးမြန်းခဲ့ဟု ပြော

ရန်ကုန် ဖေဖော်ဝါရီ ၂၀ ။             ။ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားရောက်ပြီး သီးခြားတွေ့ဆုံမေးမြန်းမှုများ   ဆောင်ရွက်ခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၃ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာ ထုတ်ပြန်ချက်ကြောင့် အဆိုပါနေရာများသို့ ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၇ ရက်အထိ သွားရောက်ခဲ့ကြပြီးနောက် ယနေ့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာပါ ထိခိုက်နစ်နာမှုများရှိသည်ဟု ဖော်ပြထားသော ရွာပေါင်း ၂၀ သို့ ကော်မရှင်အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ မိမိတို့အစီအစဉ်ဖြင့် သွားရောက်ခဲ့ပြီး သိုသိပ်စွာ သီးခြားတွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ နိုင်ငံတကာလုပ်ထုံးများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။

ကော်မရှင်၏ မေတ္တာရပ်ခံချက်အရ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ယင်းဒေသအတွင်း စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းလျက် စုံစမ်းစစ်ဆေးလျက်ရှိနေသည်ဟု ဖော်ပြထားသည်။

စုံစမ်းရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်တွင် (၆/၂၀၁၇) အစည်းအဝေးကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ကော်မရှင်အနေဖြင့် မောင်တောဒေသအတွင်း ပြန်လည်နေထိုင်ရေး၊ သွားလာခွင့် ရရှိရေးတို့ကို ညှိနှိုင်းပေးခဲ့ပြီး အစီရင်ခံစာ၌ ပြည့်စုံစွာ ထုတ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly