မကွေးတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးအတွက် အဆိုပြုလွှာရောင်းချရက် ပြင်ဆင်သတ်မှတ်

မကွေးတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးအတွက် အဆိုပြုလွှာရောင်းချရက် ပြင်ဆင်သတ်မှတ်

မကွေး၊ ဖေဖော်ဝါရီ ၂၀ ။             ။ မကွေးတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပြုလျှောက်လွှာ နောက်ဆုံးရောင်းချမည့်ရက်အား   ပြင်ဆင်သတ်မှတ်ထားကြောင်း  မကွေးတိုင်းဒေသကြီးလွှတ်တော် တင်ဒါခေါ်ယူရေး ကော်မတီထံမှ ဖေဖော်ဝါရီလ ၂၀ ရက်တွင် သိရှိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်တွင်းလုပ်ငန်းရှင်(Main Contractors) များအား အဆိုပြု လျှောက်လွှာခေါ်ယူခြင်းကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် လည်းကောင်း ၊ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတွင် ထည့်သွင်းကြော်ငြာထားပြီးဖြစ်ကာ အဆိုပြုလျှောက်လွှာ နောက်ဆုံးရောင်းချမည့်ရက် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အစား ဖေဖော်ဝါရီလ ၂၄ ရက်အထိ ရက်တိုးမြှင့် ပြင်ဆင်သတ်မှတ်ကြောင်း တင်ဒါခေါ်ယူရေးကော်မတီထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံ တည်ဆောက်ရန် ၂၀၁၆-၂၀၁၇နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များအတွင်းတွင် (Architecture Design Structure Designနှင့် MEP Design) များ ရရှိပြီး ဖြစ်ကာ ခန့်မှန်းခြေ ကြမ်းခင်းဧရိယာ (၁၂၀၀၀၀) စတုရန်းပေရှိပြီး ခန့်မှန်း ကျပ်သန်းပေါင်း ၃၀၀၀ ကျော် ကုန်ကျနိင်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သိရသည်။

ကုမ္ပဏီများမှ အဆိုပြုလွှာတင်သွင်းလာသည့့်အခါ နိင်ငံတော်အဆင့် အခမ်းအနား ကျင်းပရာ နေရာဖြစ်သောကြောင့် ခမ်းနားစွာ တည်ဆောက်ရမည့် အဆောက်အအုံဖြစ်ကာ ခန်းမကျယ်ကြီးများ ပါဝင်သည့် နိင်ငံတော်အဆင့်နှင့် အလားတူအဆောက်အအုံများကို တည်ဆောက်ဖူးသည့် အတွေ့အကြုံ ရှိရမည်အပြင် မြန်မာနိင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိင်ငံအင်ဂျင်နီယာအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ကုမ္ပဏီနှင့် ပညာရှင်ဝန်ထမ်းများ ဖြစ်ရမည်ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ထံမှ သိရှိရသည်။

“အဆိုပြုလွှာတွေ ရွေးချယ်တဲ့အခါ တင်သွင်းလာတဲ့ ကုမ္ပဏီတွေရဲ့ (Profile Technical Proposal)တွေကို ဦးစွာ စီစစ်ရွေးချယ်မယ်။ Technical Proposal အောင်မြင်တဲ့ ကုမ္ပဏီတွေကိုသာ   ဈေးနှုန်းအဆိုပြု ဆက်လက် တင်သွင်းခွင့်ပြု မှာဖြစ်တဲ့အတွက် ကုမ္ပဏီတွေ Profile ပြည့်စုံစွာ တင်ပြရမယ်။ အကောင်း ဆုံး၁၀ ဦးကို Profile ကြည့်ပြီး တကယ်လုပ်တာ ကောင်း၊ မကောင်း သူတို့လုပ်တာ လိုက်ကြည့်လေ့လာပြီးမှ အကောင်းဆုံး ကုမ္ပဏီကို တည်ဆောက်ခွင့်ပေးမှာပါ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly