အသင်းနှင့် စာချုပ်သက်တမ်းမတိုးခင် မက်ဆီက ကစားသမားသုံးဦးကို ရောင်းချစေလို

အသင်းနှင့် စာချုပ်သက်တမ်းမတိုးခင် မက်ဆီက ကစားသမားသုံးဦးကို ရောင်းချစေလို

ဖေဖော်ဝါရီ ၂၀၊ စပိန် ။                ။ မက်ဆီသည် ဘာစီလိုနာအသင်းနှင့်စာချုပ်သက်တမ်းမတိုးခင် ကစားသမားသုံးဦးကို ရောင်းချစေလိုလျက်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ကစားသမားသုံးဦးမှာ နောက်ခံလူ မက်သီးယက်စ်နှင့် ဒစ်ဂ်နီ၊ ကွင်းလယ်တိုက်စစ်ကစားသမား အန်ဒရီဂိုမက်ဇ်တို့ ဖြစ်သည်။ အဆိုပါကစာသမားသုံးဦးစလုံးမှာ အသင်းနှင့်အသင်းဖော်များအတွက် အထောက်အကူမပေးနိုင်သောကြောင့် မက်ဆီမှ ရောင်းချစေလိုလျက်ရှိနေခြင်း ဖြစ်သည်။

မက်ဆီနှင့်ဘာစီလိုနာတို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်ခွဲခန့်သာ ကျန်ရှိတော့သော်လည်း ယခုအချိန်အထိ မက်ဆီဘက်မှ စာချုပ်သက်တမ်းတိုးရန် စိတ်ဝင်စားခြင်း မရှိသေးပေ။

မက်ဆီကိုစိတ်ဝင်စားနေသည့် မန်စီးတီးအသင်းကလည်း လာမည့်နွေရာသီတွင် ပေါင်သန်း ၁၀၀ ဖြင့်ကမ်းလှမ်းရန် အဆင်သင့်ရှိနေသည်။ မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာသွားရန် အလားအလာ အလွန်နည်းသော်လည်း စာချုပ်သက်တမ်းတိုးရန် ယခုအချိန်အထိ ကြန့်ကြာနေရခြင်းမှာ သတင်းအမျိုးမျိုးကို ဖြစ်ပေါ်စေလျက်ရှိသည်။

စပိန်တွင် ကလပ်အသင်းများသည် ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကိုသာ ကစားသမားလစာငွေအဖြစ်အသုံးပြုရတော့မည်ဖြစ်သော ကြောင့် မက်ဆီ၏အပြောင်းအရွှေ့သတင်းများ ပိုမိုထွက်ပေါ်နေရခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးအိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly