လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှ မိသားစုဝင် ၁၁ဦး သေဆုံး

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှ မိသားစုဝင် ၁၁ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများနှင့်ကလေးများ ပါဝင်သော မိသားစုဝင် ၁၁ဦး ရှိသည့် မိသားစုတစ်စု သည် နိုင်ငံ၏မတည်ငြိမ်သော အရှေ့ဘက်ခြမ်း၌ရှိသည့် ၎င်းတို့၏နေအိမ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုကြောင့် အားလုံးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယနေ့ တနင်္လာနေ့တွင် ပြောခဲ့သည်။

လာဂ်မန်ခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုကြောင့် အခြားလူ ၃ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဘယ် လက်နက်ကိုင်စစ်သွေးကြွအဖွဲ့ကမှ ၎င်းတို့ လက်ချက်ဖြစ်ပါသည်ဟု မကြေညာသေးကြောင်း သိရသည်။

“လာဂ်မန်ခရိုင်အတွင်းမှာရှိသော မိသားစုဝင်၁၁ဦးရှိသည့်နေအိမ်ထဲသို့ မည်သူမည်ဝါမှန်း မသိရသေးသော သေနတ်သမားတစ်ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၁ ဦးစလုံး   သေဆုံးခဲ့ပါတယ်” ဟု ဒေသအုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟာဒီဇွက်ခ်က ပြောခဲ့သည်။

“သေဆုံးခဲ့သူတွေဟာ အမျိုးသမီးများနှင့်ကလေး အများစုဖြစ်ပြီး သာမန်အရပ်သားများ ဖြစ်ကြပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

၎င်းတို့ထဲမှတစ်ဦးသည် နီးစပ်ရာခရိုင်အတွင်းရှိ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခံခဲ့ရသော်လည်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်ဟု ကျန်းမာရေးအရာရှိ အက်ဘ်ဒူလ်လာတစ်ဖ်ကွေယုမီက ပြောခဲ့သည်။

အာဖဂန်နစ္စတန်ရှိ အရပ်သားများသည် မြင့်တက်လာသော ပဋိပက္ခများအတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရသည်။ ၂၀၀၉ခုနှစ်ကတည်း အရပ်သားများ ထိခိုက်သေဆုံးမှုသည် ကမ္ဘာ့ကုလသမဂ္ဂ မှတ်တမ်းအရ ပြီးခဲ့သော၂၀၁၆တွင် အများဆုံးမြင့်တက်လာခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly