အိုင်အက်စ်တို့ ထိန်းချုပ်ရာ မိုဆူးလ်မြို့အနောက်ဘက်ခြမ်းအား အီရတ်တို့ ထိုးစစ်ဆင်

အိုင်အက်စ်တို့ ထိန်းချုပ်ရာ မိုဆူးလ်မြို့အနောက်ဘက်ခြမ်းအား အီရတ်တို့ ထိုးစစ်ဆင်

ပြီးခဲ့သော တနင်္ဂနွေနေ့တွင် အိုင်အက်စ်တို့ ထိန်းချုပ်ထားသော မိုဆူးလ်မြို့ အနောက်ဘက်ခြမ်းအား ပြန်လည် သိမ်းပိုက်ရန်အတွက် စစ်ရေးစတင်ခဲ့သော အီရတ်တို့သည် အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ နယ်မြေမှ ရွာပေါင်း ၁၅ရွာခန့်အား သိမ်းဆည်းရမိပြီဖြစ်သည်။

အရပ်မျက်နှာအသီးသီးမှထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက်တွင် အီရတ်စစ်တပ်တို့သည် မိုဆူးလ်မြို့တောင် ဘက်ခြမ်းရှိ လေဆိပ်သို့ဦးတည်ရွေ့လျားလာခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အီရတ်စစ်တပ်၏ အကြီးမားဆုံး သောထိုးစစ်ဆင်မှုအခြေအနေသစ်တစ်ခုကို လုပ်ဆောင်နေကြသည်။

အိုက်အက်စ်တို့ကလည်း မိုဆူးလ်မြို့အားကာကွယ်ရန်အတွက် ပြင်းပြင်းထန်ထန်ခုခံနေပြီး အီရတ်နှင့်ဆီးရီး ယားကြား၌တည်ရှိနေသော ထိုမြို့သည် အိုင်အက်စ်ခေါင်းဆောင် အဘူဘာခါအယ်လ်ဘာဂ်ဒါဒီ၏ပိုင်နက် အဖြစ်ရှိနေသည်။

အီရတ်စစ်တပ်မှထိပ်သီးဗိုလ်မှူးကြီးက နိုင်ငံတော်အထူးရဲတပ်ဖွဲ့မှဦးဆောင်သောတပ်ဖွဲ့များသည် မိုဆူးလ်မြို့ တောင်ပိုင်းရှိရွာများကိုပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟုကြေညာခဲ့သည်။
“ကျနော်တို့ရဲ့စစ်ဆင်ရေးကို ဂရင်းဝစ်ချ်စံတော်ချိန် မနက် ၇ နာရီမှာစတင်ခဲ့ပြီး လေဆိပ်ကိုဦးတည်ချီတက်နေ ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာ၏ အထူးတပ်ဖွဲ့မှ အာဘက်စ်အယ်လ်ဂျူဘူရီ မှပြောခဲ့သည်။

မိုဆူးလ်တောင်ပိုင်းရှိကောင်းကင်ယံသည် လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးဖြင့်ပစ်ခိုက်တိုက်ခိုက်မှုတို့ ကြောင့် မီးခိုးများဖြင့်မဲနက်နေခဲ့ကာ ထောင်နှင့်ချီသောတပ်ဖွဲ့တို့သည် မိုဆူးလ်လေဆိပ်၌လာဆုံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly