ကင်မ်ဂျံုနမ်ကိစ္စ မလေးရှားအစိုးရ၏ စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ မိမိတို့ဘက်က မယုံကြည်ကြောင်း မြောက်ကိုရီးယား ထုတ်ပြော

ကင်မ်ဂျံုနမ်ကိစ္စ မလေးရှားအစိုးရ၏ စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ မိမိတို့ဘက်က မယုံကြည်ကြောင်း မြောက်ကိုရီးယား ထုတ်ပြော

ဖေဖော်ဝါရီ ၂၀ ။             ။ မိမိတို့ နိုင်ငံသားတစ်ဦး ရုတ်တရက် ဆုံးပါးသွားသည့်ကိစ္စနှင့်ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးနေမှုအပေါ် ပြုံယမ်းအစိုးရဘက်က ယုံကြည်နိုင်မည် မဟုတ်တော့ကြောင်း မြောက်ကိုရီးယားသံအမတ်က ထုတ်ဖော်ပြောကြားလိုက်သည်။

သေဆုံးသူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံနမ်၏ ဖအေတူ မအေကွဲအစ်ကို ဖြစ်ကြောင်း ထုတ်ဖော်တွေ့ရှိထားပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယားဘက်က တုန့်ပြန်သွားခြင်း ဖြစ်သည်။

ကင်မ်ဂျုံနမ်မှာ ကင်မ်ချိုးဆိုသည့် အခြားနာမည်တစ်ခုဖြင့် သွားလာနေခဲ့ရာမှ ကွာလာလမ်ပူလေဆိပ်တွင် အမျိုးသမီးနှစ်ဦး၏ အဆိပ်ခတ်လုပ်ကြံခံလိုက်ရခြင်းလည်း ဖြစ်သည်။

ယင်းလုပ်ကြံမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရက ပြုံယမ်းအစိုးရက တိုက်ရိုက်ပြစ်တင်စွပ်စွဲထားပြီး ယင်းလုပ်ကြံမှုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ညွန်ကြားခြင်းဖြစ်ကြောင်း   ပြောထားသည်။

" ခုဆိုရင် ဒီဖြစ်စဉ်ဖြစ်တာ ခုနှစ်ရက်လောက်တောင် ရှိသွားပါပြီ၊ ဒါပေမယ့် ဒီသေဆုံးမှုအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ ရှင်းရှင်းလင်းလင်း အထောက်အထားတွေ တွေ့မထားရ   သေးဘူး၊ လောလောဆယ်မှာတော့ မလေးရှားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေကို ကျွန်တော်တို့ယုံကြည်ပေးလို့မရတော့ပါဘူး" ဟု မြောက်ကိုရီးယားသံအမတ် ကန်ချိုက ပြောသည်။

အလားတူ ယင်းဖြစ်စဉ်တွင် သံအမတ်ကြီး ကန်ချို၏ စွပ်စွဲပြောဆိုထားမှုများနှင့်ပတ်သက်၍ ဖြေရှင်းရန် မလေးရှားအစိုးရကလည်း ၎င်းအား ဆင့်ခေါ်ထားခဲ့သေးသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags