မိုဂါဒစ်ရှုးမြို့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၉ ဦးထိ ရှိလာ

မိုဂါဒစ်ရှုးမြို့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၉ ဦးထိ ရှိလာ

ဖေဖော်ဝါရီ ၂၀ ။                    ။ ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးတွင် ဖေဖော်ဝါရီ ၁၉ ရက်က ပေါ်ပေါက်ခဲ့သော အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ယခုအခါ သေဆုံးသူဦးရေမှာ ၃၉ ဦးထိရှိလာခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောသည်။

ယင်းနိုင်ငံတွင် ယခုလအတွင်း သမ္မတသစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ထားပြီးနောက်ပိုင်း ပထမဆုံးကြုံတွေ့လိုက်ရသည့် တိုက်ခိုက်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့သည်။

ယင်းနေ့က လူစည်ကားရာဈေးတစ်ခုကို အသေခံကားဗုံးခွဲသမားတစ်ဦးက ဝင်ရောက်ဖောက်ခွဲသွားခဲ့ရာ ဈေးဆိုင်များနှင့် ယာဉ်များထိခိုက်ပျက်စီးခဲ့ရသည်။

ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း မည်သည့်အဖွဲ့ကမှ ထုတ်ပြောထားခြင်းမရှိသေးသော်လည်း ယင်းနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုအများစုကို ရှာဘတ် ဂျီဟတ်ဒစ်များကသာ လုပ်ဆောင်ထားနေခဲ့ခြင်းဖြစ်သည်။

" ၃၉ ယောက်သေပြီး ၂၇ ယောက် ဒဏ်ရာရပါတယ်" ဟု မိုဂါဒစ်ရှုးမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အဗ္ဒူကာဒါ အဘူရာမန်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly