ကိုလံဘီယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ရဲအများစု အပါအဝင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိ

ကိုလံဘီယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ရဲအများစု အပါအဝင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၂၀  ။             ။ ကိုလံဘီယာမြို့တော် Bogota တွင် ဖေဖော်ဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်း ၂၄ ဦးနှင့် အရပ်သား နှစ်ဦး တို့ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အလားတူ ယင်းဖြစ်စဉ်အတွင်း ရဲတစ်ဦး သေဆုံးသွားသည်ဆိုသည့် အစောပိုင်းကထွက်ပေါ်ခဲ့သည့် သတင်းများကိုလည်း ပြည်ထဲရေးဝန်ကြီး ဟွမ်ဖာနန်ဒို ခရစ်တိုက ပယ်ချသွားခဲ့သည်။

မြို့တော်ရှိ ၂၇ ရိပ်သာလမ်းနှင့် ၅ လမ်းထောင့်ရှိ နွားရိုင်းသတ်ပွဲ ပြုလုပ်ရာ နေရာတစ်ခုအနီးတွင် ယင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရက်ပိုင်းအတွင် နွားရိုင်းသတ်ပွဲ ကျင်းပတော့မည့် ရာသီချိန်တွင် လုံခြုံရေအင်အား  ထူထဲစွာ ချထားချိန်တွင် ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

" ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ခုလို တိုက်ခိုက်သွားတာမျိုး ကျွန်တော်တို့ရှုတ်ချပါတယ်၊ လက်ခံနိုင်စရာအကြောင်းမရှိတဲ့ အကြမ်းဖက်မှုပါ၊ သေဆုံးသူမရှိပေမယ့် ဒဏ်ရာရသူအများကြီးပါ" ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ယခုထိခိုက်ဒဏ်ရာရရှိသွားသူအများစုမှာ နွားရိုင်းသတ်ပွဲကျင်းပရာနေရာအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲများဖြစ်သည်ဟု သိပြီး အရပ်သားများလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခုနွားရိုင်းသတ်ပွဲကို ဆန့်ကျင်နေသူများ ယခုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ရှိနေသည်ဆိုသည့် သတင်းများကိုလည်း Bogota မြို့ ရဲဌာနမှ အရာရှိ Hoover Penilla က ငြင်းဆန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags