အော်စကာဆုပေးပွဲ တက်ရန်ရောက်ရန် ဗီဇာရရှိခဲ့သော “White Helmets” ရုပ်ရှင်ပိုင်ရှင် ဆီးရီးယားနှစ်ဦး

အော်စကာဆုပေးပွဲ တက်ရန်ရောက်ရန် ဗီဇာရရှိခဲ့သော “White Helmets” ရုပ်ရှင်ပိုင်ရှင် ဆီးရီးယားနှစ်ဦး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် မသေချာမရေရာမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရက်သတ္တပတ်များစွာ အကြာတွင် ယခုနှစ်ကျင်းပမည့် အော်စကာဆုပေးပွဲအတွက် ဆုစာရင်းတင်သွင်းခံထားရ သော သတင်းမှတ်တမ်းရုပ်ရှင် “White Helmets” ကို ရိုက်ကူးထားသည့် ဆီးရီးယားလူမျိုးနှစ်ယောက်သည် ယခုအခါတွင် ဆုပေးပွဲသို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။

White Helmets အဖွဲ့၏ ခေါင်းဆောင် ရိဒ်ဆာလား နှင့် ရုပ်ရှင်ရိုက်ကူးရေးပညာရှင် ခါလက်ခါတစ်ဘ် တို့နှစ်ဦး စလုံးသည် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပမည့် အော်စကာဆုပေးပွဲသို့ တက်ရောက်ရန် ဗီဇာရရှိခဲ့ပြီဖြစ်ကြောင်း ထုတ်လုပ်သူ ဂျိုအာနာနာတာဆီဂါရာ က ပြောခဲ့သည်။

“သူတို့နှစ်ဦးစလုံး ဗီဇာရပါပြီ။ လက်ရှိအချိန်မှာ အကြောင်းအရာတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးပေမယ့် ကျွန်မတို့ ကို သူတို့နိုင်ငံတွင်း ဝင်ရောက်လာဖို့ ကြိုဆိုကြောင်း အကြောင်းကြားခဲ့ပါတယ်” ဟု နာတာဆီဂါရာက ပြောသည်။

“The White Helmets” သည် အော်စကာဆုပေးပွဲ၌ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုအတွက် စာရင်းသွင်းခံ ထားရပြီး အဆိုပါရုပ်ရှင်တွင် ဆီးရီးယားရှိ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော White Helmets အဖွဲ့ဟု လူသိများသည့်အဖွဲ့နှင့် ယင်းအဖွဲ့အတွင်းရှိ စစ်ဘေးဒဏ်ခံစားနေရသော နိုင်ငံကို စေတနာ့ ဝန်ထမ်းအဖြစ်ကူညီနေသော ကယ်ဆယ်ရေးလုပ်သားများ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly