အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ချယ်လ်ဆီးနှင့်မန်ယူတို့ ထိပ်တိုက်တွေ့ဆုံ

အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ချယ်လ်ဆီးနှင့်မန်ယူတို့ ထိပ်တိုက်တွေ့ဆုံ
 

ဖေဖော်ဝါရီ ၂၀၊ အင်္ဂလန် ။                          ။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲခဲ့ရာတွင် လက်ရှိချန်ပီယံမန်ယူအသင်းမှာ ချယ်လ်ဆီးအသင်းနှင့် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ထိုပွဲစဉ်ကို ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် မန်ယူအသင်းအတွက် ကံဆိုးသည့် မဲခွဲမှု ဖြစ်လာခဲ့သည်။ မန်ယူအသင်းသည် ယခုနှစ်တွင် ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်အဖြစ် ချယ်လ်ဆီးကွင်းတွင် သွားရောက်ကစားခဲ့ရာ ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်။

အခြားပွဲစဉ်များတွင် စပါးအသင်းမှာ လိဂ်- ၁ ကလပ် မီလ်ဝေါနှင့်တွေ့ဆုံနေပြီး အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။ မစ်ဒယ်ဘရော့အသင်းမှာမူ မန်စီးတီးနှင့်ဟက်ဒါဖီးလ်တို့မှ အနိုင်ရသည့်အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည် ဖြစ်သည်။ ဟက်ဒါဖီးလ်ကွင်းတွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် မန်စီးတီးနှင့်ဟက်ဒါဖီးလ်တို့၏ပွဲကို လာမည့် ၂၈ ရက်နေ့တွင် အီတီဟတ်ကွင်း၌   ပြန်လည်ကစားမည်   ဖြစ်သည်။

ယနေ့ညတွင် ယှဉ်ပြိုင်မည့် ဆက်တန်နှင့်အာဆင်နယ်တို့မှ အနိုင်ရသည့်အသင်းမှာမူ အပျော်တမ်းလိဂ်မှ လင်ကွန်းစီးတီးအသင်းနှင့်အိမ်ကွင်းတွင်ကစားရမည်ဖြစ်သည်။ လင်ကွန်းစီးတီးအသင်းသည် ၁၉၁၄ ခုနှစ်နောက်ပိုင်း အက်ဖ်အေဖလားကွာတားဖိုင်နယ်သို့ ပထမဆုံးတက်ရောက်လာနိုင်သည့် အပျော်တမ်းလိဂ်အသင်းဖြစ်သည်။ ဆက်တန်အသင်းမှာလည်း အပျော်တမ်းအသင်းဖြစ်သည့်အတွက် အာဆင်နယ်အသင်းမှာ မဲခွဲမှုများတွင် ကံကောင်းလျက်ရှိသည်။

အက်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို မတ်လ ၁၁ ရက်နေ့တွင် ကစားကြမည် ဖြစ်သည်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ် မဲခွဲမှု

ချယ်လ်ဆီး-မန်ယူ

မစ်ဒယ်ဘရော့-မန်စီးတီး/ဟက်ဒါဖီးလ်

စပါး-မီလ်ဝေါ

ဆက်တန်/အာဆင်နယ်-လင်ကွန်းစီးတီး

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags