ကင်ဂျံုနမ်အသတ်ခံရမှုအတွက် မြောက်ကိုရီးယားနိုင်ငံသား ၄ဦးအား မလေးရှားရဲများရှာဖွေ

ကင်ဂျံုနမ်အသတ်ခံရမှုအတွက် မြောက်ကိုရီးယားနိုင်ငံသား ၄ဦးအား မလေးရှားရဲများရှာဖွေ

ယနေ့ တနင်္ဂနွေနေ့၌ မလေးရှားရဲတပ်ဖွဲ့မှ ၎င်းတို့ဟာ ကင်ကျုံအန်၏ အကိုဝမ်းကွဲတော်စပ်သူ ကင်ဂျုံနမ်လုပ်ကြံ ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ မြောက်ကိုရီးယားနိုင်ငံသား နောက်ထပ် ၄ ဦးအား ရှာဖွေနေကြောင်းပြောခဲ့ သော်လည်း ထိုလေးဦးမှာ လုပ်ကြံသတ်ဖြတ်သည့် နေ့ကတည်းက နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

သံသယရှိသူ လေးဦးစလုံးသည် အသက် ၃၃နှစ် နှင့် ၅၇နှစ်ကြားရှိ အမျိုးသားများဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ လက်ထောက်စစ်ဆေးရေးအရာရှိချုပ် နောရာရှစ်ဒ်အီဗရာဟမ်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ထိုလေးဦးအပြင် စုံစမ်းစစ်ဆေးမှုများကို အထောက်အကူပြုရန်အတွက် နောက်ထပ်မြောက်ကိုရီးယားနိုင်ငံသား ၃ ဦးကိုလည်း ရှာဖွေနေသည်ဟု သူက ဆက်ပြောခဲ့သည်။

ပြီးခဲ့သော စနေနေ့ကလည်း ရဲတပ်ဖွဲ့သည် ရီဂျုံဟိုလ်အမည်ရှိ အသက်၄၆နှစ်အရွယ ်မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးအား ဖမ်းဆီးခဲ့ပြီး ထိုသူသည် ကွာလာလမ်ပူ၌ အိုင်တီပညာရှင်အဖြစ် နေထိုင်နေသူဖြစ်သည်ဟု သတင်း စာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ရဲအရာရှိများသည် ဗီယက်နမ်ပတ်စ်ပို့ ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးနှင့် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦးတို့ကိုလည်း အမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည်။

ကင်ဂျုံနမ်သည် ပြီးခဲ့သော တနင်္လာနေ့က ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်တွင် အမျိုးအမည်မသိသော အရည် တစ်ခုဖြင့် မျက်နှာကို အဖျန်းခံခဲ့ရပြီး သေဆုံးခဲ့ကာ ထိုတိုက်ခိုက်မှုအား မြောက်ကိုရီးယားနိုင်ငံ၏ အမိန့်အရ အမျိုးသမီးအေးဂျင့်တစ်ဦးက လုပ်ဆောင်ခဲ့သည်ဟု တောင်ကိုရီးယားမှ ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ကင်ဂျုံနမ်၏ အလောင်းအားပြန်လည်ပို့ဆောင်ရန် တောင်းဆိုခဲ့သော်လည်း မလေးရှား တို့မှငြင်းဆန်ပယ်ချခဲ့ပြီး မိသားစုဝင်တစ်ဦးထံမှ ဒီအဲန်အေနမူနာဖြင့် မစစ်ဆေးရမခြင်း နိုင်ငံအတွင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly