ထူးခြားဆန်းပြား Bog Snorkelling ဆိုတဲ့ အားကစား

19 February 2017
ထူးခြားဆန်းပြား Bog Snorkelling ဆိုတဲ့ အားကစား

ဒီတစ်ပတ်မှာတော့ Bog Snorkelling ဆိုတဲ့ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။

မြင်တွေခဲ့ကြရတဲ့အတိုင်းပဲ ရွှံ့ရေမြောင်းထဲမှာ ရေကူးပြိုင်ကြရတာပါ။ အချိန်တိုတိုနဲ့အမြန်ရောက်အောင် ကူးနိုင်တဲ့သူက အနိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စည်းကမ်းသတ်မှတ်ချက်တွေလည်းရှိပါတယ်။ အဲဒါတွေကိုမပြောခင် ပြိုင်ပွဲကိုနောက်တစ်ခေါက်ထပ်ကြည့်ကြရအောင်ပါ။

ပြိုင်ပွဲဝင်တွေဟာ ရေအောက်အသက်ရှူပိုက်၊ ရေယက်တို့ကို မဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ရေကူးနည်းစနစ်တွေကိုတော့ အသုံးပြုခွင့်မရှိပါဘူး။ ရေယက်ပြားနဲ့ခြေခတ်အားကိုသာ အဓိကထားအသုံးပြုရမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ရေငုတ်ဝတ်စုံ လည်း ဝတ်ခွင့်ပြုထားပါတယ်။

ရွှံရေမြောင်းက ၅၅ မီတာရှည်ပြီး အသွားအပြန် မီတာ ၁၁၀ ကူးခတ်ရတာဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့စံချိန်ရှင်ကတော့ ပက်ဒီလမ်ဘီပါ။ ၂၀၁၆ စက်တင်ဘာလအတွင်း အိုင်းရစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁ မိနစ် ၁၉ စက္ကန့်နဲ့ စံချိန်တင်ထားတာဖြစ်ပါတယ်။ ဘော့စနော့ကလင်းပြိုင်ပွဲကို ၁၉၇၆ မှာ ဝေးလ်နိုင်ငံက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ ၁၉၈၅ မှာစတင်ကျင်းပခဲ့တာပါ။ ဝေးလ်နိုင်ငံအပြင် သြစတြေးလျ၊ အိုင်ယာလန်နဲ့ ဆွီဒင်နိုင်ငံတွေ မှာလည်း ကျင်းပနေပါသေးတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က လူမှုရေးအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေရဖို့အတွက်ပါ။ ပြိုင်ပွဲကို ကျား၊မ မရွေးအရွယ်စုံယှဉ်ပြိုင်နိုင်ပြီး တချို့ကလည်း ဖန်စီဝတ်စုံတွေဝတ်ပြီး ပါဝင်ဆင်နွှဲနေ ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly