လာမည့်နွေရာသီတွင် ပေါ့ဂ်ဘာ၏ ကမ္ဘာ့ပြောင်းရွှေ့ကြေး စံချိန်ချိုးခံရမည်ဟု မော်ရင်ဟိုခန့်မှန်း

လာမည့်နွေရာသီတွင် ပေါ့ဂ်ဘာ၏ ကမ္ဘာ့ပြောင်းရွှေ့ကြေး စံချိန်ချိုးခံရမည်ဟု မော်ရင်ဟိုခန့်မှန်း

ဖေဖော်ဝါရီ ၁၉၊ မန်ချက်စတာ။             ။ ပေါ့ဂ်ဘာ၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းသည် လာမည့်နွေရာသီတွင် ကျော်ဖြတ်ခံရမည်ဟု မော်ရင်ဟိုက ခန့်မှန်းလိုက်ပြီး ယင်းပြင်သစ်ကစားသမားမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ် ခြေစွမ်းသုံးသပ်ခံရတော့မည် မဟုတ်ဟု ပြောသည်။

ဂျူဗင်တပ်မှ ပြောင်းလာသည့် ပေါ့ဂ်ဘာသည် ကနဦးကာလများကလောက် ရုန်းကန်ရခြင်း မရှိတော့ဘဲ ပုံစံ တဖြည်းဖြည်းတိုးတက် လာနေသည်။

ယူနိုက်တက်အတွက် ခုနစ်ဂိုးသွင်းထားပြီး ဂိုးတိုင်ထိသည့် အကြိမ်မှာ ရှစ်ကြိမ်ရှိသည်။ အပြောင်းအရွှေ့ဈေးနှုန်းများမှာ ဆက်လက်တိုးမြင့်လာနေဦးမည်ဖြစ်ပြီး ကြာလာလျှင် ပေါ့ဂ်ဘာမှာ ဈေးချိုသည့် ကစားသမားအဖြစ် ရှုမြင်ခံရလိမ့်မည်ဟု မော်ရင်ဟိုက ယုံကြည်နေသည်။

“လာမယ့် နှစ်နှစ်လောက်အတွင်းမှာ သူက ဈေးပေါတယ်လို့ ထင်ခံလာရလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်နည်းနည်းလောက်က ပေါင် ၂၅ သန်းဆိုတာ သာမန်ထက်ထူးချွန်တဲ့ ကစားသမားအတွက် ဖြစ်ခဲ့တယ်။ အခုတော့ ပေါင် ၂၅ သန်းဆိုတာ အလားအလာရှိတဲ့ ကစားသမားအတွက်ပဲ ဖြစ်နေတော့တယ်။

လာမယ့်နွေရာသီက အံ့အားသင့်စရာတစ်ချို့ကို ဆောင်ယူလာဦးမယ်လို့ ကျွန်တော်ထင်နေပြီး ပေါ့ဂ်ဘာအနေနဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်လည်း ပျောက်သွားလိမ့်မယ်။ အဲဒါက ကောင်းဖို့ဖြစ်လာနိုင်ပါတယ်။

လာမယ့်နွေရာသီမှာ သူ့တစ်ဝက်လောက်ပဲ အရည်အချင်းရှိတဲ့ ကစားသမားတချို့ဟာ သူ့လောက်ဈေးပေးရတာ၊ သူ့ထက်ပိုဈေး ပေးရတာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သေချာပြောရဲပါတယ်။ ဒါကြောင့် သူ့ကိုစေ့စေ့ပေါက်ပေါက် စစ်ဆေးသုံးသပ်ခံနေရတာက နေလွတ်ကင်းမယ့် အဲဒီအချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

လာမည့် နွေရာသီတွင် အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိသည့် ထိပ်သီးကစားသမားများထဲတွင် အူဘာမီယန်း၊ မက်ဆီ၊ လူကာကူ၊ ဆန်းချက်ဇ်၊ ဂရစ်ဇ်မန်းနှင့် ကာဗာနီတို့လည်း ပါဝင်နေကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags