အာဂျင်တီးနားတွင် ဘတ်စ်ကား မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့

အာဂျင်တီးနားတွင် ဘတ်စ်ကား မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့

ပြီးခဲ့သော စနေနေ့၌ အာဂျင်တီးနားနိုင်ငံရှိ အက်ကွန်ကာဂွာ တောင်အနီး၌ ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့မှု ကြောင့် အနည်းဆုံး ၁၉ဦး သေဆုံးခဲ့ပြီး လူ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ချီလီကုမ္ပဏီ Turbus မှပိုင်ဆိုင်သော အဆိုပါ ဘတ်စ်ကားသည် မန်ဒိုဇာခရိုင်မှ ချီလီနိုင်ငံသို့ လူပေါင်း ၄၀ခန့်အား သယ်ဆောင်ထွက်ခွာခဲ့ပြီး မြို့တော်ဗြူနိုအေးရိစ်မှ မိုင်ပေါင်း ၆၂၀ခန့်အကွာရှိ အန်ဒက်စ်ဒေသအတွင်းတွင် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူ၁၆ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ် ၃ဦးဟာတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ ပါတယ်” ဟု ခရိုင်အတွင်းရှိ ကျန်းမာရေးအစိုးရဌာန အကြီးအကဲဖြစ်သူ   အော်စကာဆာဂတ်စ်က ဒေသတွင်း သတင်းဌာနသို့ ပြောခဲ့သည်။

ခရိုင်အတွင်းရှိ ရှေ့နေချုပ် အက်လက်ယန်ဒရိုဂူလီက ယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ချီလီ ကားမောင်းသမားနှစ်ဦးအား  မေးခွန်းထုတ်ရန်အတွက် ထိန်းသိမ်းထားကြောင်း ပြောခဲ့သည်။

အာဏာပိုင်များသည် အာဂျင်တီးနားနှင့် ချီလီနိုင်ငံကြားတွင် ကောင်းမွန်သော လမ်းအနေအထားနှင့် ကောင်းမွန် သောရာသီဥတုအခြေအနေ ရှိနေခဲ့ပါလျက် ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် မတော်တဆမှု ဖြစ်စေခဲ့သော အကြောင်းရင်းမှန်ကို စုံစမ်းနေကြသည်။

Turbus ၏ အဆိုအရ လိုက်ပါခဲ့သော ခရီးသည် ၄၀ဦးတွင် အာဂျင်တီးနားနိုင်ငံသား ၃၂ဦး၊ ချီလီနိုင်ငံသား ၄ဦး၊ ကိုလံဘီယာနိုင်ငံသားတစ်ဦးနှင့် ဟေတီနိုင်ငံသားတစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly