အယ်လ်ဘေးနီးယားတွင် ရွေးကောက်ပွဲ စောစောကျင်းပရန် ဆန္ဒပြမှုဖြစ်ပွား

အယ်လ်ဘေးနီးယားတွင် ရွေးကောက်ပွဲ စောစောကျင်းပရန် ဆန္ဒပြမှုဖြစ်ပွား

ပြီးခဲ့သော စနေနေ့တွင် အယ်လ်ဘေးနီးယားနိုင်ငံ၌ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် စုရုံးခဲ့ကြပြီး ဆိုရှယ်လစ်ဝန်ကြီးချုပ် အီဒီရာမာအား နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြကာ ဝန်ကြီးချုပ်ကြောင့် ဆင်းရဲမှုနှင့် အကျင့်ပျက်ခြစားမှုတို့ ပိုမိုကြီးမားလာသည်ဟု ပြောခဲ့ကြသည်။

“ရာမာ အစိုးရအဖွဲ့ဟာ ထွက်ရပါတော့မယ်။ ၎င်းတို့ကိုဖြုတ်ချဖို့ အချိန်ရောက်လာပြီ” ဟု အတိုက်အခံလက်ယာ ယိမ်းဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင် လယ်ဇင်ဘက်ရှ်ဟာက Tirana ရှိ အစိုးရရုံးရှေ့တွင ်လူအုပ်ကြီးအား ပြောခဲ့သည်။

ဆန္ဒပြသူများသည် ဓာတ်ငွေ့ယိုဗုံးများပစ်ခဲ့ပြီး ရာမာနှင့်သူ၏ ကျန်းမာရေးနှင့် ပြည်ထဲရေးဝန်ကြီးတို့၏ ပုံတူများကို ကိုင်ဆောင်ခဲ့ကာ “ထွက်သွားပါတော့ ရာမာ” ၊ “ကျုပ်တို့ ရွေးကောက်ပွဲကို   စောစောလိုချင်တယ်” ဟု ရေးသားခဲ့ ကြပါသည်။

“သူဟာနိုင်ငံကို ဆင်းရဲမှုနှင့် အကျင့်ပျက်ခြစားမှုနွံကြီးထဲကို နစ်ဝင်သွားစေခဲ့ပါတယ်။ ပြီးတော့ ထွက်ပေါက်မရှိတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ပြီးတော့ အယ်လ်ဘေးနီးယားလူမျိုးတွေကို နိုင်ငံထဲက ထွက်ခွာဖို့တွန်း အားပေးခဲ့ပါတယ်” ဟု ဘက်ရှ်ဟာ က ပြောခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲအား လာမည့်ဂျွန်လ ၁၈ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

ဆန္ဒပြမှုသည်ကြီးမားသော်လည်း ငြိမ်းချမ်းစွာဖြင့် ရှိနေခဲ့ပြီး အချို့အုပ်စုများက ကြီးမားသော တဲများကို ဆောက်ခဲ့ ကြပြီး ၎င်းတို့တောင်းဆိုထားမှု မရမခြင်း လူပေါင်း ၁၀၀၀ ခန့်သည် တဲထိုး၍ စောင့်ဆိုင်းနေကြမည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags