ဘုန်းတော်ကြီး စျာပနပွဲတော်အတွင်း ကျပ် ၁၈သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ဘုန်းတော်ကြီး စျာပနပွဲတော်အတွင်း ကျပ် ၁၈သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
ဓာတ်ပုံ- MOI

ဖေဖော်ဝါရီလ ၁၈ ရက် ။        ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပင့်စင်တဲကျေးရွာအုပ်စု၊ လယ်ကျင်း ကျေးရွာ၊ ဘုန်းတော်ကြီး ဈာပနပွဲအတွင်း မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ပြန်ကြားရေးက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဘုန်းတော်ကြီး ဈာပနပွဲခင်းအတွင်း မသင်္ကာသူ ပြည်သိန်းနှင့် တင်ထွန်းဦး ဝန်းသို မြို့နယ်နေသူတို့အား စစ်ဆေးရှာဖွေခဲ့ရာ ယင်းသို့တွေ့ရှိရခြင်းဖြစ်သည်။

၎င်းတို့ထံမှ ဘိန်းဖြူဟု ယူဆရသော ဖြူ၊ ဝါ စပ်ကြားအမှုန့်များပါသော အလေးချိန် ၁၁ ဂရမ်ခန့်ပါ ဆပ်ပြာခွက် တစ်ခွက်၊ အလေးချိန် ၄ ဂရမ်ခန့်ပါ တစ်ဗူး၊ အလေးချိန် ၂ ဂရမ်ခန့်ပါ ကော်ဗူး ၁ ဗူး၊ အလေးချိန် ၁ ဒသမ ၅ ဂရမ်ခန့်ပါ တစ်ဗူး စုစုပေါင်း ၁၈ ဒသမ ၅ ဂရမ်၊ ကာလတန်ဖိုး ကျပ် ၁၈ သိန်းကျော်( ၁၈၅၀၀၀၀) အား ရှာဖွေ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် ရဲစခန်းမှ ပြည်သိန်း (ဘ) ဦးစံကျော် ၃၉ နှစ်၊ ပိန္နဲကုန်းကျေးရွာ ၊ တောင်ကုန်း ကျေးရွာအုပ်စုနှင့်် တင်ထွန်းဦး (ဘ) ဦးမောင်ကို ၃၂ နှစ် လှေကြီးကုန်း ကျေးရွာ၊ ကင်းကြိမ်ဖူးကုန်း   ကျေးရွာအုပ်စု ဝန်းသိုမြို့နယ်နေသူတို့အား မယ(ပ) ၃/ ၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly