နိုင်ငံခြားသားတစ်ဦး ဇွဲကပင်တောင်ပေါ်မှ ပြုတ်ကျရာ ရှာဖွေနေဆဲဖြစ်

နိုင်ငံခြားသားတစ်ဦး ဇွဲကပင်တောင်ပေါ်မှ ပြုတ်ကျရာ ရှာဖွေနေဆဲဖြစ်
ဓာတ်ပုံ- MOI

ဖေဖော်ဝါရီလ ၁၈ ။        ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ထိပ်အမြင့်ဆုံးနေရာမှ ယမန်နေ့က နိုင်ငံခြားသား တစ်ဦး ပြုတ်ကျခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ယနေ့ ထုတ်ပြန်သည်။

ဖြစ်ဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီခန့်တွင် နိုင်ငံခြားသားအမျိုးသားက ဇွဲကပင်တောင် အမြင့်ဆုံးနေရာ ပေပေါင်း ၂၇၃၀ ကျော် မြင့်သည့် ဓမ္မစေတီနေရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယနေ့   ဖေဖော်ဝါရီလ ၁၈ ရက် နေ့လည်အထိ မတွေ့ရှိသေးကြောင်း သိရသည်။

အဆိုပါနိုင်ငံခြားသား ပြုတ်ကျသော အောက်ဖက်တွင် ချောက်ကမ်းပါးသာ ရှိနေပြီး ၎င်းအား မည်သည့်နိုင်ငံသားမှန်း အတည်မပြုနိုင်သေးဘဲ တောင်အောက်နေရာများတွင် ရှာဖွေနေကြောင်း သိရသည်။
ယနေ့ ညနေပိုင်းအထိ မှန်ပြောင်း အကူအညီဖြင့်သာ အလောင်းဟု ထင်မြင် ယူဆရသော ပုံသဏ္ဍာန်အား တွေ့ရှိပြီး ဖြစ်သဖြင့် တောင်အောက်သို့ ဆင်း၍ သယ်ယူနိုင်ရေး ဆက်လက်   ဆောင်ရွက်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly