ဆန်းချက်ဇ်ကို အာဆင်နယ်မှာ ဆက်မရှိနေစေဖို့ ချီလီပရိသတ်များ ချီတက်ဆန္ဒပြရန် စီစဉ်

ဆန်းချက်ဇ်ကို အာဆင်နယ်မှာ ဆက်မရှိနေစေဖို့ ချီလီပရိသတ်များ ချီတက်ဆန္ဒပြရန် စီစဉ်

ချီလီဘောလုံးပရိတ်သတ် ထောင်ပေါင်းများစွာက သူတို့ရဲ့ တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို အာဆင်နယ်မှာ ဆက်ရှိမနေဖို့အတွက် ဆန့်ကျင်ဆန္ဒပြ ချီတက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါဆန္ဒပြပွဲအတွက် ဖေ့ဘုတ်ခ်ရှိ Event ကတဆင့် စည်းရုံးမှုတွေပြုနေပြီး ထောက်ခံသူ ပရိသတ်ပေါင်း ၅၀၀၀ ကျော်ရှိလာပြီလို့ဆိုပါတယ်။ အဆိုပါ ပရိသတ်တွေဟာ လာမယ့် မတ်လ ၁ ရက်နေ့မှာ မြို့တော် ဆန်တီယာဂိုရဲ့ လမ်းမတွေထက်မှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်မှာ အာဆင်နယ်က ဘိုင်ယန်မြူးနစ်အသင်းကို ၅-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ဆန်းချက်ဇ်က သွင်းယူခဲ့ပါတယ်။ ဒီပွဲအပြီးအမှာတော့ ဆန္ဒပြပွဲစီစဉ်သူတွေက ချီလီရဲ့ ကြယ်ပွင့်ကစားသမားကို အမ်းမရိတ်စ်ကနေ ထွက်ခွာသွားဖို့ အခုလို လုပ်ဆောင်နေတာဖြစ်ပါတယ်။

"ချီလီသားတွေဟာ အာဆင်နယ်အသင်း ရှေ့တန်းမှာ တစ်ယောက်ထဲ ရုန်းကန်နေရတဲ့ ဆန်းချက်ဇ်ကို ကြည့်နေရတာ စိတ်မကောင်းဖြစ်မိနေပါတယ်။"လို့ Event ရဲ့ ဖော်ပြချက်က ဆိုပါတယ်။

"ကျနော်တို့က သူ့ကို ရီးယဲလ်မှာ ကစားစေချင်လို့၊ ဘာစီလိုနာဆီ ပြန်ပြီး ကစားစေချင်လို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တာက အခြား ကစားသမား ၁၀ ယောက်နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဆန်းချက်ဇ်ကို မြင်ချင်ရုံလေးပါ။ သူတစ်ယောက်တည်းလို ဖြစ်နေတယ်"လို့ ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ စာချက်သက်တမ်း ၁၈ လ နီးပါးကျန်ရှိနေပြီး ၎င်းကို နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တမ်စ်က ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

Source: Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags