မဟာမုနိစလွယ်တော် ပြန်ဖြုတ်ရေး ဆန္ဒထုတ်ဖော်ရာတွင် အမှုဖွင်ခံထားရသူ နှစ်ဦးကို တရားရုံးတင်

မဟာမုနိစလွယ်တော် ပြန်ဖြုတ်ရေး ဆန္ဒထုတ်ဖော်ရာတွင် အမှုဖွင်ခံထားရသူ နှစ်ဦးကို တရားရုံးတင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မဟာမုနိစလွယ်တော် ပြန်ဖြုတ်ရေး ဆန္ဒထုတ်ဖော်ရာတွင် အမှုဖွင့်ခံထားရသူ ဦးကျော်အေးနှင့်ဦးအေးကျော် တို့အား ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁၂နာရီခန့်လောက်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးတင်လိုက်ကြောင်း သိရှိရသည်။    

ဆန္ဒပြအဖွဲ့ကို သက်ဆိုင်ရာမှ သတ်မှတ်လူအရေအတွက် ၁၀၀၀ ခွင့်ပြုထားခြင်းဖြစ်သော်လည်း လာရောက်သူ ၂၀၀၀ ခန့်ရှိခဲ့သည့် အတွက် ၎င်းတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ အရ တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအမှုနဲ့ ပါတ်သက်ပြီး လူမှုရေးကိစ္စများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ကျောက်တောမြို့နယ်မှ တက်ကြွလှုပ်ရှားသူ  ဦးဇော်ဝင်းက “သူတို့နှစ်ဦးကို ဒီနေ့ နေ့လည် ၁၂နာရီလောက်ကရုံးတင်ပါတယ်။ သူတို့ကို အာမခံဖို့တစ်ဦးလျင် နှစ်ဦးကျစီလိုတယ်လို့ တရားသူကြီးကပြောပါတယ်။ အဲ့ဒါနဲ့ ဦးကျော်အေးကို ကျွန်တော်နဲ့ဦးထွန်းခင်၊ ဦးအေးကျော်ကို  ဦးမောင်အေးစောနှင့်ဦးလှမြင့်တို့က အာမခံခဲ့ကြပါတယ်”ဟုဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောက်တော်မြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရား စွဲဆိုခံထားရသော ဦးအေးကျော်နှင့် ဦးကျော်အေးတို့ကို လာမည့် မတ်လ၂၃ရက်နေ့တွင် နောက်တစ်ကြိမ်ရုံးချိန်း လိုက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly