မြန်မာနိုင်ငံတွင် ၀င်ငွေနှင့် စျေးကွက်ကောင်းမည့်လက္ခဏာရှိဟု တယ်လီနောထုတ်ပြန်

မြန်မာနိုင်ငံတွင် ၀င်ငွေနှင့် စျေးကွက်ကောင်းမည့်လက္ခဏာရှိဟု တယ်လီနောထုတ်ပြန်

ဇူလိုင် ၂၅ ရက် ။        ။ နော်ဝေတယ်လီကွန်းကုမ္ပဏီ တယ်လီနောက မြန်မာနိုင်ငံတွင် ဒုတိယသုံးလပတ်အတွင်း ၎င်း၏ ဝင်ငွေနှင့် EBITDA (ဝင်ငွေမှ ကုန်ကျစရိတ်နုတ်ပြီး ကျန်ငွေ- အတိုး၊ အခွန်၊ တန်ဘိုးကျခြင်းနှင့် အရစ်ကျ အတိုးဆပ်ခြင်း တို့မပါဝင်) ငွေလည်း တိုးပွားလာကြောင်း ထုတ်ပြန်ခဲ့သည်ဟု Total Telecom က ဇူလိုင် ၂၂ တွင် ဖော်ပြခဲ့သည်။

တယ်လီနောသည် ၎င်း၏ အားကောင်းသည့် သုံးလတစ်ကြိမ် ဝင်ငွေတိုးတက်လာမှုကို ဇူလိုင် ၂၂ က ဖော်ပြခဲ့သည်။

တယ်လီနော၏ ကောင်းမွန်သော လုပ်ဆောင်ချက် မြင့်မားလာသည့် တိုင် လေ့လာစမ်းစစ်သူများမျှော်လင့်ထားသည်ထက် ယင်းဝင်ငွေမှာ လျော့နည်းနေသည်။

တယ်လီနောသည် ဇွန်လကုန်အထိ သုံးလတာကာလအတွင်း ဝင်ငွေ နော်ဝေငွေကြေး ကရိုနာ ၃၀ဒသမ၁၈ ဘီလျံ (ယူရို ၃ဒသမ၄ဘီလျံ) အထိရရှိခဲ့ြ့ပီး ယခင်တစ်နှစ်က အလားတူကာလကထက် ၁၇ဒသမ၅ရာခိုင်နှုန်းမြင့် တက်လာခဲ့သည်။

EBITDA ဝင်ငွေမှာ ၁၁ဒသမ၃ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နော်ဝေငွေကြေး ကရိုနာ ၁၀ဒသမ၅၇ဘီလျံရှိခဲ့သည်။ သို့သော်လည်း ရိုက်တာသတင်းဌာနက ပြုလုပ်သည့် စမ်းစစ်ချက်အရ ကရိုနာ ၁၀ဒသမ၇၇ဘီလျံအထိရလိမ့်မည်ဟု လေ့လာသူများက ခန့်မှန်း ခဲ့ကြောင်း သိရသည်။

၎င်း၏ EBITDA တိုးတက်လာခြင်းမှာ အဓိကအားဖြင့် မြန်မာနှင့် အိန္ဒိယရှိ ၎င်း၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်း တယ်လီနောက ပြောကြားခဲ့သည်။

Ref; Total Telecom

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly