ရခိုင်ပြည်နယ် မြို့နယ်သုံးမြို့နယ်ရှိ လူနာများအားအခမဲ့ကုသပေးမည် တပ်မတော်ပိုင်ဆေးရုံရေယာဉ် ဒုတိယအကြိမ်လာ ရောက်မည်

ရခိုင်ပြည်နယ် မြို့နယ်သုံးမြို့နယ်ရှိ လူနာများအားအခမဲ့ကုသပေးမည် တပ်မတော်ပိုင်ဆေးရုံရေယာဉ် ဒုတိယအကြိမ်လာ ရောက်မည်
ဆေးကုသပေးရေယဉ်ကို ကြိုဆိုရန် အစည်းဝေးပြုလုပ်နေစဉ်။

စစ်တွေ၊ ဖေဖော်ဝါရီ ၁၇ ။              ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်မှ ဆေးဝါးကုသခံမည် လူနာများအား တပ်မတော်မှ ဆေးရုံရေယာဉ်ဖြင့် အခမဲ့ ဆေးကုသ ပေးနိုင်ရန် သံလွင်ဆေးရုံသင်္ဘာသည်   ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်သို့ ထွက်ခွာလာပြီး ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ပိုင်ဆေးရုံရေယဉ်ဖြင့် သွားရောက်ဆေးကုသပေးမည့် မြို့နယ်များမှာ သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူမြို့တို့ဖြစ်ပြီး ဆေးကုသခံမည် လူနာအမည်စာရင်းများကို သက်ဆိုင်ရာမြို့နယ်များတွင် လက်ခံနေပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောသည်။

“ဒီတစ်ကြိမ်ဆိုရင် ဒုတိယအကြိမ်လာရောက်တာဖြစ်ပါတယ်၊ သင်္ဘောပေါ်မှာပဲ ဦးနှောက်ပိုင်းဆိုင်ရာ ရိုက်ကူးရေးစက်များ၊ သွေးစစ်ခန်းတွေ၊ ဓါတ်မှန်၊သားဖွား မီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်းချောင်း၊ သွား၊ ခွဲစိပ်ပါရဂူတွေပါဝင်ပါတယ်” ဟု ဆိုသည်။

သံလွင်အမည်ရှိ အဆိုပါဆေးရုံရေယာဉ်သင်္ဘောသည် သံတွဲမြို့ကို ပထမဦးစွာ ဝင်ရောက်ကုသပေးမည်ဖြစ်ပြီး မာန်အောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်သို့ သွားရောက်၍ လူနာများကို အခမဲ့ဆေးကုသပေးသွားမည်ဖြစ်သည်။ ခရီးစဉ်မှာ ဖေဖော်ဝါရီ၂၂ရက်မှ ၂၅ရက်နေ့ အထိ ဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ ညွန်ကြားမှုဖြင့် တပ်မတော်စစ်ဆေးရုံရေယဉ်(သံလွင်)သည် ၂၀၁၆ ခုနှစ်ကလည်း တစ်ကြိမ်လာရောက်ကူးသပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly