ကဝက်ကျောင်းအုပ်ကြီးတိုင်ကြားခံရသည့်ကိစ္စ တိုင်းအစိုးရအစည်းအဝေးတွင် ဆွေးနွေး

ကဝက်ကျောင်းအုပ်ကြီးတိုင်ကြားခံရသည့်ကိစ္စ တိုင်းအစိုးရအစည်းအဝေးတွင် ဆွေးနွေး

ပုသိမ်၊ ဖေဖော်ဝါရီ ၁၇ ။              ။ လိင်အကြမ်းဖက်မှု၊ ငွေကြေးသုံးစွဲမှုကိစ္စများဖြင့် စွဲဆိုတိုင်ကြားခံထားရသည့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကဝက်အထက်ကျောင်းအုပ်ကြီးကိစ္စကို ဖေဖော်ဝါရီ ၁၇ရက်က ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

"ကျွန်မတို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဥပဒေချုပ်သုံးသပ်ချက်မှာ အပိုင်သုံးပိုင်းရှိပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ သမရိုးကျမဟုတ်တဲ့ အကြမ်းဖက်တဲ့ အမှုတခုရှိတယ်။ ဌာနဆိုင်ရာငွေကြေးသုံးစွဲမှုက တစ်ဦးထဲက ကိုယ်ကျိုးသုံးစွဲတာဆိုရင် ဌာနဆိုင်ရာနဲ့သွားမလား အများပြည်သူပိုင်ဆိုတဲ့ အပိုင်းဘက်က သွားမလားဆိုတဲ့ အပိုင်းတွေကို ဥပဒေချုပ်က   ဆွေးနွေးတာရှိပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ဆွေးနွေးမှုအား ပြန်ပြောပြသည်။

ကဝက်အထက်တန်းကျောင်းအုပ်အားစစ်ဆေးမှုတွင် မှန်မှန်ကန်ကန်မစစ်ဆေးကြောင်း တွေ့ရှိပါက ပညာရေးဌာနမပါသည့် အဖွဲ့ဖွဲ့ပြီး ထပ်မံစစ်ဆေးမည်ဟု တိုင်းဝန်ကြီးက ပြောသည်။

"ဖြစ်စဉ်ကို အ.စ.ည က တိုက်ရိုက် D.Eစစ်နေပါတယ်။ အဲဒီစစ်ဆေးတာ ကျွန်မတို့ဆီ တစ်ရက်နှစ်ရက်ကြာရင်ရောက်မှာပါ၊ စစ်ဆေးချက်အပေါ်အခြေခံပြီး ပြန်လည်သုံးစပ်ရင် သုံးစပ်ပါမယ်။ မှန်ကန်စိစစ်ထားတဲ့ အစီရင်ခံစာလည်းဆိုတာ စိစစ်ပါမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေနပ်မှုမရှိရင် ပညာရေးဌာနမပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး
ထပ်စစ်မှာပါ”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ယခုစစ်ဆေးမှုကို ခရိုင်ပညာရေးမှူးတစ်ဦး၊ မြို့နယ်ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာရေးမှူးများ စစ်ဆေးနေသည်။

"အခုပြဿနာဖြစ်နေတဲ့ မြောင်းမြမြို့ ကဝက်အထက်တန်းကျောင်းကိစ္စက ဧရာဝတီတိုင်းရဲ့ ပညာရေးလောကအတွက် တော်တော်အရုပ်ဆိုးတဲ့ကိစ္စဖြစ်ပါတယ်၊ပညာရေးဌာနစုံးစမ်းစစ်ဆေးမှုတွေလွဲချော်မယ် မှန်ကန်တိတိကျကျ မထွက်လာဘူး တင်ပြတိုင်ကြားသူတွေအပေါ်မှာ ဖိအညးပေးမယ်ဆိုရင် တိုင်းအစိုးရအနေန့ တိုင်းပညာရေးအပေါ်မှာ ဖိဖိစီးစီးဆောင်ရွက်သွားမှာပါ" လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

ကဝက်ကျောင်းအုပ်ကြီးအား ကျောင်းသားတစ်ဦးမှ ဖေဖော်ဝါရိလ၁၅ရက်နေ့တွင် မြောင်းမြမြို့နယ်ရဲစခန်း၌ ပုဒ်မ၃၇၇ဖြင့် အမှုဖွင့်လှစ်ထားပြီးဖြစ်သည်။
 
ကဝက်ကျေးရွာ၊အထက-ကဝက်ကျောင်းအုပ်ဆရာကြီးနဲ့ပတ်သက်ပြီး တိုင်ကြားသည့် ဆရာဆရာမများက တိုင်ကြားမှုအား ပညာရေးဌာနသို့စစ်ဆေးခိုင်းခြင်းမပြုဘဲ အစိုးရအဖွဲ့အစည်းများမှ အမှုမှန်အမြန်ပေါ်ပေါက်နိုင်ရေး စစ်ဆေးပေးရန် တိုင်ကြားစာတွင်ထည့်သွင်းဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီးသည် ကျောင်းသားများအား အလိုမတူဘဲ လိင်တူဆက်ဆံခြင်း၊ ကျောင်းသားများထံမှ   ငွေကြေးများကောက်ခံခြင်း ၊ နိုင်ငံတော်က ထုတ်ပေးသည် ကျောင်းထောက်ပံ့ကြေးရန်ပုံငွေများကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်းများအား စိစစ်အရေးယူပေးပါရန် ကဝက်အထက်တန်းကျောင်းက ဆရာများအချို့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်တို့အား လိပ်မူပြီး တိုင်ကြားစာများအား ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် ပေးပို့တိုင်ကြားထားကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly