ဆိုင်ကလုန်းမုန်တိုင်း ဒင်နီရိုကြောင့် မိုဇမ်ဘစ်တွင် ခုနှစ်ဦး ထက်မနည်း သေဆုံး

ဆိုင်ကလုန်းမုန်တိုင်း ဒင်နီရိုကြောင့် မိုဇမ်ဘစ်တွင် ခုနှစ်ဦး ထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၁၇ ။              ။ ဆိုင်ကလုန်းမုန်တိုင်း ဒင်နီရို ကြောင့် မိုဇမ်ဘစ်နိုင်ငံ တောင်ပိုင်းတွင် လူပေါင်းခုနှစ်ဦး သေဆုံးသွားခဲ့ပြီး ဒေသခံပေါင်း ၁၃၀,၀၀၀ ကျော်ထိခိုက်ခံစားခဲ့ရကြောင်း ယင်းနိုင်ငံ၏ အမျိုးသားသဘာဝဘေး အေဂျင်စီက ထုတ်ပြန်သည်။

" လေပြင်းကျရောက်မှု၊ မိုးကြီးမှုတွေကြောင့် အိမ်ပေါင်း နှစ်သောင်းကျော် ပျက်စီးခဲ့ရပါတယ်၊ အသက်ရှင် လွတ်မြောက်သူတွေကို ဆက်ရှာနေဆဲပါ" ဟု အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်သည်။

နိုင်ငံအရှေ့တောင်ဘက် ခရီးသွားများနှင့် စည်ကားရာ ဒေသတွင် မုန်တိုင်းဒဏ်အကြီးအကျယ်ခံစားခဲ့ရခြင်းဖြစ်ကြောင်းနှင့် မုန်တိုင်းကျရောက်ချိန် လေတိုက်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော ယင်းနိုင်ငံသည် ထိုကဲ့သို့ လူသေဆုံးစေသော ရေကြီးမှု၊ မုန်တိုင်းကျရောက်မှုဒဏ်နှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရလျက်ရှိသည်။

ပြီးခဲ့သည့် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကလည်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၈၀၀ သေဆုံးခဲ့သလို ၂၀၁၅ တွင်လည်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly