အစဉ်အလာမပြတ်သည့် Summer 6 သင်္ကြန်ခွေထွက်ရှိ

အစဉ်အလာမပြတ်သည့် Summer 6 သင်္ကြန်ခွေထွက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။           ။ Summer အမည်ဖြင့် ၅နှစ်ဆက်တိုက် ထွက်ရှိထားသည့် သြင်္ကန်တေးစီးရီး၏ ခြောက်နှစ်မြောက် သြင်္ကန်ခွေ Summer 6 ကို လာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် CD နှင့် DVD ဖြန့်ချိသွားမည်ဟု ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သော စာနယ်ဇင်းမိတ်ဆက်ပွဲမှသိရသည်။

ယင်းအခွေထဲတွင် ဟဲလေး၊ ထွန်းထွန်း(Examplez)၊ Dယံ၊ အစ္စဏီ၊ Wai လျှံ၊ ဒီဖြိုး၊ မိုးယံဇွန် ၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ နေဒွေး၊ စိန်လင်း(Aroma)၊ သုအောင်၊ အောင်အေးချစ်၊ မင်းမဟာ၊ ဂျင်းနီ ၊ အိမ့်ချစ်၊ ဆူဇီ၊ ရတနာမိုင်၊ နွေးနွေးချစ်ဖွယ်၊ ဂေးဂေး၊ ဆန်းသစ်လ၊ သွန်းဆက်၊ နန့်ချစ်နဒီဇော်၊ ဂုဏ်ရှိန်ဝင့်ထည်၊ မှူးရတနာကျော်၊ ဧကရီမှူးပိုင် နှင့် Moh တို့ကသီဆိုထားသည်။

“မတွဲဘူးတဲ့ မိန်းကလေးနဲ့ယောကျ်ားလေး၊ နောက်တစ်ခုက တစ်ယောက်တည်းလိုက်မယ့်ပုံစံမျိုးတွ အဲဒီလိုမျိုးခွဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဝိုင်းညှိပြီးတော့ ကျွန်တော်တို့ သေချာလုပ်ထားပါတယ်” ဟု စီစဉ်သူ ကိုမြတ်သူက မဇ္ဈိမကိုပြောသည်။

သီချင်များကို ဇော်မင်းလေး၊ မင်းချစ်သူ၊ စိုးလင်း၊ ထွန်းထွန်း(examplez)၊ Dယံ၊ Wai လျှံ၊ စိန်လင်းနှင့် ခိုင်ခံ့ဇော် တို့ကရေးဖွဲ့ထားသည်။ သီချင်းအသစ်များအပြင် သီချင်းအဟောင်းများကိုလည်း ပုံစံသစ်ဖြင့် နားဆင်ရမည်ဖြစ်သည်။

တေးရေး စိုးလင်းက “လေးပုဒ်က အဟောင်းနှစ်ပုဒ် အသစ်နှစ်ပုဒ်ပေါ့၊ အဟောင်းနှစ်ပုဒ်ကတော့ ကျုံးဘေးမှာ ဆိုတဲ့သီချင်းကို ဆန်းသစ်လနဲ့ နန့်ချစ်နဒီဇော်၊ မိုးလင်းတာနဲ့ဒီအသံပဲ ဆိုတဲ့သီချင်းကို ဆူဇီနဲ့ဂျင်းနီ ဆိုထားပါတယ်။ အသစ်နှစ်ပုဒ်ထဲက Dယံ နဲ့ ဂေးဂေးဆိုထားတဲ့သီချင်းက အပူများငြိမ်းစေသား၊ အိမ့်ချစ်ဆိုထားတဲ့သီချင်းက ရင်ထဲအရောက်ပို့ လို့နာမည်ပေးထားပါတယ်။” ဟုပြောသည်။

Summer 6 တွင်သီချင်းစုစုပေါင်း 17 ပုဒ်ပါဝင်ပြီး M United မှဖြန့်ချိပေးသွားမည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags