ပါကစ္စတန်ရှိ ဆူဖီဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် လုံခြံုရေးအရ စီးနင်းမှုများ ပြုလုပ်ခဲ့

ပါကစ္စတန်ရှိ ဆူဖီဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် လုံခြံုရေးအရ စီးနင်းမှုများ ပြုလုပ်ခဲ့

လူစည်ကားသော ဆူဖီဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ကလေးအယောက်၂၀ အပါအဝင် အနည်းဆုံး လူပေါင်း ၇၀ခန့်သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့သောကြာနေ့၌ ပါကစ္စတန်နိုင်ငံတွင် နိုင်ငံတစ်ဝန်း လုံခြုံရေးအရစီးနင်းမှုများ ပြုလုပ်ခဲ့သည်ဟု အရာရှိများ ကပြောခဲ့သည်။

အစ္စလာမ်အစွန်းရောက်အဖွဲ့အိုင်အက်စ်တို့က ဆာဝန်မြိုအနီး၌ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအား ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့ပြီး ယခုပတ်အတွင်း သွေးစွန်းစေခဲ့သော အစွန်းရောက်တို့၏ တိုက်ခိုက်မှုများ တသီတတန်းကြီး ရှိလာခဲ့ပြီဖြစ်သည်။

“ပြည်နယ်နှင့်ခရိုင်အတွင်းရှိ ဥပဒေပြုအာဏာပိုင်များနှင့် ရဲများသည် အာရုဏ်မတက်ခင် အချိန်၌ နိုင်ငံတစ်ဝန်း စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မြို့တစ်မြို့ချင်းစီမှ သံသယရှိသူများစွာကိုလည်း ဖမ်းဆီးထားပါတယ်” ဟု အစိုးရအရာရှိတစ်ဦးက ပြောခဲ့သည်။

သူက ရှင်းလင်းမှု စစ်ဆင်ရေးသည် နောက်ရက်များအထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်ဟု ပြောခဲ့ သည်။

လျှက်တပြက် စီးနင်းတိုက်ခိုက်ရေး ကွန်မင်ဒိုအဖွဲ့တို့၏ ထုတ်ပြန်ကြေညာချက်အရ ဆင့်ဒ်ခရိုင်အတွင်း လုပ်ဆောင်ခဲ့သော ညလုံးပေါက် စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားအနည်းဆုံး ၁၈ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ပက်ရှဝါမြို့မှ ရဲများက နိုင်ငံ၏အနောက်မြောက်ပိုင်းတွင်လည်း အကြမ်းဖက်သမား ၇ယောက်ထက်မနည်း သတ်ဖြတ်နိုင်ခဲ့သည်ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly