ဆန္ဒပြသူတစ်ဦးအား ရိုက်နှက်ခဲ့မှုဖြင့် ဟောင်ကောင်ရဲအရာရှိများ ထောင်ဒဏ်ချမှတ်ခံရ

ဆန္ဒပြသူတစ်ဦးအား ရိုက်နှက်ခဲ့မှုဖြင့် ဟောင်ကောင်ရဲအရာရှိများ ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင်ရဲအရာရှိ ခုနှစ်ဦးသည် လက်ထိပ်ခတ်ခံထားရသော ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်ခဲ့မှုဖြင့် ထောင်ဒဏ် ၂နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

၎င်းရဲအရာရှိအဖွဲ့သည် လွန်ခဲ့သော ၂၀၁၄ခုနှစ်က ဒီမိုကရေစီလိုလားသူများ၏ ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော လူမှုလုပ်သားနှင့် တက်ကြွသူတစ်ဦးဖြစ်သူ ကန်ကျန်းဆိုသူအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည်ဆိုသော စွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ရုပ်သံကင်မရာများအရ အရာရှိများသည် မစ္စတာကျန်အား ဆန္ဒပြသရာနေရာမှ အနီးရှိပန်းခြံထဲသို့ ခေါ်ထုတ်လာခဲ့ကြပြီး မြေပြင်ပေါ်သို့ လဲကျတဲ့အထိ ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ကို   တွေ့ခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်သည် ဆန္ဒပြသူများနှင့် ပြည်သူလူထုများအား ယမ်းပုံမီးကျ ဖြစ်စေခဲ့သည်။

ဟောင်ကောင်ရှိရဲများသည် အများအားဖြင့် လေးစားသမှု ပြုခံရပြီး ရဲမှုအကြမ်းဖက်သော အဆိုပါ ဖြစ်ရပ်သည် အလွန်ရှားပါးသော်လည်း ဆန္ဒပြသခဲ့စဉ် အတောအတွင်း၌ အကြမ်းဖက်မှုများစွာ   ပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိနေသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly