မန္တလေးခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် အငှားအိမ်ရာများ တည်ဆောက်မည်

မန္တလေးခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် အငှားအိမ်ရာများ တည်ဆောက်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၇ ။             ။ မန္တလေးခရိုင်အတွင်းရှိ ဝန်ထမ်းများနေထိုင်ရန်အတွက် အငှားအိမ်ရာများ တည်ဆောက်ရန်အတွက် မြေယာ ရှာဖွေလျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇာနည်အောင်က မဇ္ဈိမကိုပြောသည်။

"အိမ်ရာတွေတည်ဆောက်ဖို့ မြေပေါ့။ မြေယာတွေရှာဖွေဖော်ထုတ်နေပါတယ်။ အဲဒီအိမ်ရာတွေတည်ဆောက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက လိုအပ်တဲ့အရင်းအနှီးတွေ ရအောင် ရှာနေတယ်။"ဟု ဦးဇာနည်အောင်က ပြောသည်။

ထိုသို့ဝန်ထမ်းများနေထိုင်ရန် အငှားအိမ်ရာများ တည်ဆောက်ပေးခြင်းသည် ဝန်ထမ်းများအနေဖြင့် စိတ်ချလုံခြုံစွာနေထိုင်ပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်မည်ဖြစ်သည်ဟု ဦးဇာနည်အောင်ကဆိုသည်။

"တစ်ရာ ရာခိုင်နှုန်းပေးနိုင်အောင် ကြိုးစားကြရမယ်။ ဒါပဲလား၊ မဟုတ်ပါဘူး။ ဝန်ထမ်းများဟာ အငှားအိမ်ရာ ဘဝမှ အပိုင်၊ အိုးပိုင်၊ အိမ်ပိုင်ဖြစ်သည်ထိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။   ဒါ ဘယ်အစိုးရတက်လာတက်လာ။ ဒါမှသာလျှင် ဝန်ထမ်းများသည် စိတ်ချလုံခြုံစွာနဲ့ သူတို့ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ စားဝတ်နေရေး အထူးသဖြင့်   နေရေးကိုလုပ်ပေးရမယ်။ စားတာနဲ့ ဝတ်တာက ခြိုးခြံလို့ရတယ်။ နေတာက ဘယ်လိုမှ ခြိုးခြံလို့မရပါဘူး။"ဟု ဦးဇာနည်အောင်ကပြောသည်။

၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ် ကုန်လျှင် မန္တလေးခရိုင်အတွင်းရှိ ဝန်ထမ်း ၁၀၀တွင် ၇ ရာခိုင်နှုန်းပေးနိုင်မှာဖြစ်ပြီး ယခင် ဘဏ္ဍာရေးနှစ်က ၃ ရာခိုင်နှုန်းသာ ပေးနိုင်ခဲ့သည်ဟု ဦးဇာနည်အောင်ကဆိုသည်။

မန္တလေးခရိုင်အတွင်းတွင် ဝန်ထမ်း ၁၀၀ ရှိလျှင် ၁၀၀ ရာခိုင်နှုန်းပေးနိုင်အောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly