ထုတ်လုပ်သူ ဒေါက်တာလုခ်ထံမှ ရင့်သီးသော အီးမေးလ်များကို ဖွင့်ချပြခဲ့တဲ့ ကီရှာ

ထုတ်လုပ်သူ ဒေါက်တာလုခ်ထံမှ ရင့်သီးသော အီးမေးလ်များကို ဖွင့်ချပြခဲ့တဲ့ ကီရှာ

အဆိုတော်ကီရှာသည် သူ၏ ထုတ်လုပ်သူဒေါက်တာလုပ်ခ်ထံမှ ရင့်သီးသော အီးမေးလ်များကို ဖွင့်ချပြခဲ့ပါသည်။

နှစ်ပေါင်းများစွာကြာအောင် အဆိုတော်ကီရှာသည် သူမ၏ ထုတ်လုပ်သူဒေါက်တာလုခ်နှင့် ချုပ်ဆိုထားသော တေးသံသွင်းစာချုပ်မ ှလွတ်မြောက်ရန်ကြိုးပမ်းနေလျက်ရှိပြီး ဒေါက်တာလုခ်သည် သူမအား လိင်ပိုင်းဆိုင်ရာနှင့် စိတ်ထိခိုက်အောင် အနိုင်ကျင့်ခဲ့သည်ဟု သူမက အခိုင်အမာပြောခဲ့သည်။

ပေါက်ကြားခဲ့သော အီးမေးလ်ထဲ၌ ဒေါက်တာလုခ်သည် သူမအား ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး သီချင်းရေး ဆရာများသည် သူမ၏ ကိုယ်အလေးချိန်ကြောင့် သီချင်းပေးဖို့ ဝန်လေးနေကြပါတယ်ဟု ပြောခဲ့သည်။

သို့သော်လည်း သူသည်သူမအား နှိပ်စက်သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အဆိုပါအီးမေးလ်များတွင် အဓိက အကြောင်းအရာများကို ဖယ်ထုတ်ထားသည်ဟု ပြောခဲ့သည်။

ကီရှာနှင့် ဒေါက်တာလုခ်တို့၏ တရားရေးရာအားပြိုင်မှုသည် ယခုဆိုလျှင် သုံးနှစ်ပြည့်တော့မည်ဖြစ်ပြီး အမေရိကန် ရှိတရားရုံးများစွာ၌လည်း တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီးပြီဖြစ်သည်။

ကီရှာက သူမသည်ဒေါက်တာလုခ်နှင့် ချုပ်ဆိုထားသောစာချုပ်မှ လွတ်မြောက်သွားသင့်ကာ ဂီတများကိုတခြား နေရာ၌ ဖြန့်ချိသင့်သည်ဟု စောဒက တက်ခဲ့သည်။

ဒေါက်တာလုခ်ကလည်း ကီရှာအားအနိုင်ကျင့်သည်ဆိုသော စွပ်စွဲချက်များသည် မလိုမုန်းထားသော လိမ်ညာမှု များနှင့် အသေရေဖျက်မှုဖြစ်သည်ဟု ပြောခဲ့သည်။

နယူးယောက်ပို့စ်သတင်းစာသို့ ပေါက်ကြားခဲ့သော အဆိုပါအီးမေးလ်များသည် ဒေါက်တာလုခ်နှင့် ကီရှာ၏ မန်နေဂျာ မိုနီကာကော်နီရာတို့ အပြန်လှန်ပေးပို့ခဲ့သော စာများဖြစ်ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly