မြဝတီရုပ်သံလိုင်း မှမြန်မာနေရှင်နယ်လိဂ် ရုပ်သံထုတ်လွှင့်ခွင့် မူပိုင်ခွင့်ရယူမည်

မြဝတီရုပ်သံလိုင်း မှမြန်မာနေရှင်နယ်လိဂ် ရုပ်သံထုတ်လွှင့်ခွင့် မူပိုင်ခွင့်ရယူမည်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲအဖြစ် မကွေးအသင်းနှင့် ချင်းအသင်းတို့ကစားနေစဉ်။

ဇူလိုင် ၂၅၊ ရန်ကုန် ။      ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ဒု-အကျော့ပွဲစဉ်များ ရုပ်သံထုတ်လွှင့်ခွင့်အတွက် မြဝတီရုပ်သံလိုင်းမှ မူပိုင်ခွင့်ဝယ်ယူရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီနှင့် ညှိုနှိုင်းမှုများပြုလုပ်နေသည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ၂၀၁၂ဘောလုံးရာသီမှ ၂၀၁၄ ဘောလုံးရာသီအထိ ရုပ်သံထုတ်လွှင့် ခွင့်မူပိုင် ရယူပြသ ခဲ့သော်လည်း ၂၀၁၅ဘောလုံးရာသီမှစတင်ကာ စာချုပ်ကုန်ဆုံးခဲ့သဖြင့် ပြသနိုင်ခြင်းမရှိတော့ပေ။

“မြဝတီက ပွဲစဉ်-၁၃ကစပြီး တစ်ပတ်ကို နှစ်ပွဲနှုန်းနဲ့ တိုက်ရိုက်ပြသပေးမှာပါ။ နိုင်ငံတကာ အဆင့်မီရိုက်ကူး ထုတ်လွှင့်နိုင်ဖို့ ကင်မရာ ခုနှစ်လုံး အထိအသုံးပြု ရိုက်ကူးမှာပါ။ မူပိုင်ခွင့်အတွက် ညှိုနှိုင်းနေပါတယ်။ လောလောဆယ်တော့ သူတို့ဘက်က သိန်း ၁၅၀၀နဲ့ကမ်းလှမ်းထားပါတယ်။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်အောင်ကပြောသည်။

ယခုတစ်ပတ်တွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁၃ မှ ဧရာဝတီ-ရန်ကုန်၊ ရတနာပုံ-ကမ္ဘောဇပွဲစဉ်များကို MWD Shopping channel နှင့် Variety Channel များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ကွာတား ဖိုင်နယ်ပွဲစဉ်များကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly