ဒေါ်နယ်ထရမ့် ကမ်းလှမ်းလာသော အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ရာထူးကို ရောဘတ် ဟားဝါ့ဒ် ငြင်းပယ်

ဒေါ်နယ်ထရမ့် ကမ်းလှမ်းလာသော အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ရာထူးကို ရောဘတ် ဟားဝါ့ဒ် ငြင်းပယ်

ဖေဖော်ဝါရီ ၁၇။                   ။ အမျိုးသား လုံခြုံရေးအကြံပေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က အငြိမ်းစား ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ရောဘတ် ဟားဝါ့ဒ် အား ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုက်ကယ်ဖလင်း နှုတ်ထွက်သွား၍ လစ်လပ်နေသော အမျိုးသား လုံခြုံရေးအကြံပေးနေရာအတွက် ဟားဝါ့ဒ်မှာ အသင့်တော်ဆုံးသူအဖြစ် ယူဆခံနေရသူလည်း ဖြစ်သည်။

မစ္စတာ ဟားဝါ့ဒ်အနေဖြင့် ၎င်း၏ မိသားစုနှင့် ဘဏ္ဍာရေး အကြောင်းပြချက်ဖြင့် ယခု ရာထူးကို ငြင်းပယ်သွားခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားသည်။

ယခင် လုံခြုံရေး အကြံပေးအရာရှိဟောင်း ဖလင်းမှာမူ ရုရှ တာဝန်ရှိသူများနှင့် မကြာခဏဆိုသလို တရားနည်းလမ်းမကျသည့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်ဆိုသည့် စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly