မကွေးတိုင်းမှာ မြန်မာ့နှမ်းစိုက်တောင်သူများအသင်းကို တောင်သူ ၆၀နဲ့ စတင်ဖွဲ့စည်း

မကွေးတိုင်းမှာ မြန်မာ့နှမ်းစိုက်တောင်သူများအသင်းကို တောင်သူ ၆၀နဲ့ စတင်ဖွဲ့စည်း

မင်းဘူး၊ ဖေဖော်ဝါရီ ၁၇ ။           ။ မြန်မာ့နှမ်းစိုက်တောင်သူများအသင်းကို မကွေးတိုင်းဒေသကြီးအတွင်းက မကွေးမြို့နယ် နှင့် မင်းဘူးမြို့နယ်တို့က ကျေးရွာပေါင်း ၃၀မှ တောင်သူ ၆၀ဦးဖြင့် ကနဦးဖွဲ့စည်းလိုက်သည်။

မြန်မာ့နှမ်းစိုက်တောင်သူများအသင်း၏ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်မှ (၁၆)ရက်အထိ မကွေးမြို့ မကွေးဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့နှမ်းစိုက်တောင်သူများ အသင်းအား ယခုမှ စတင်ဖွဲ့စည်းပြီး အီတလီအခြေစိုက် PROGETTOအဖွဲ့၏ ပံပိုးကူညီမှုဖြင့် ဖွဲ့စည်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် အသင်းကြီး၏ ရည်ရွယ်ချက်များ၊ အသင်းကြီး၏ Logo တံဆိပ်ကို တောင်သူများမှ ရွေးချယ်ခြင်း၊ အသင်းကြီး၏ ဖွဲ့စည်ပုံ အခြေခံစည်းမျဉ်းများ၊ အသင်းအတွင်း လိုက်နာရမည့် မူဝါဒများ၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု စသည့် အကြောင်းများကို ဆွေးနွေးခဲ့သည်ဟု မြန်မာ့နှမ်းစိုက်တောင်သူများအသင်း ဥက္ကဌ ဦးသန်းဇော်ကပြောသည်။

ယင်းအသင်းကြီးဖြစ် ပေါ်လာရသည့် ရည်ရွယ်ချက်မှာ တောင်သူများ နှမ်းဈေးနှုန်း မတည်ငြိမ်မှုကိုခံစားရခြင်း၊ အခက်အခဲများဖြေရှင်းရာတွင် တောင်သူတစ်ဦးတစ်ယောက်တည်း မစွမ်းဆောင်နိုင်သည်များကို တောင်သူအသင်းအဖွဲ့နှင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကို ဆောင်ရွက်၍ ဈေးကွက်ကို ထိုးဖောက် နိုင်ရန်အထိ ရည်ရွယ်သည်ဟု ဆိုသည်။

မင်းဘူးမြို့နယ် ထိန်တောကျေးရွာအုပ်စု ထိန်တောကျေးရွာ တောင်သူ ကိုဇော်မိုးအောင်က "တောင်သူတွေအတွက် ဒီအသင်းအဖွဲ့ ရှိလာတာ ကောင်းပါတယ်။ တောင်သူတွေကို နိုင်ငံတော်က   ကျေးဇူးရှင်တောင်သူတွေလို့ နာမည်တပ်ခေါ်တယ်။ ဒါပေမဲ့ တောင်သူတွေက အောက်ခြေမှာပဲရှိနေတယ်။ အဲ့ဒါက တောင်သူတွေ စည်းလုံးညီညွတ်မှုမရှိလို့ဖြစ်တယ် တောင်သူတွေ စုစည်းမှုမရှိတဲ့အတွက် တောင်သူတွေ စိုက်ပျိုးတဲ့သီးနံှတွေ ဈေးနှုန်းမတည်ငြိမ်မှုတွေရှိတယ်။ ကုန်သည်ကြီးတွေရဲ့ ခြယ်လှယ်မှုကိုခံရတယ် အဲ့လိုတွေ မဖြစ်အောင် တောင်သူအသင်းအဖွဲ့လေး   ဖြစ်လာတာ အနာဂတ် တောင်သူတွေအတွက် ကောင်းတယ်လို့ မြင်ပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly